Warning: sprintf(): Too few arguments in /www/wwwroot/default/wp-content/themes/elegant-magazine/lib/breadcrumbs/breadcrumbs.php on line 254

သင်၏ဖုန်းကိုသန့်ရှင်းရေးလုပ်ရန်အချိန်ရောက်ပြီ

COVID-19 ကမ္ဘာအနှံ့ပျံ့နှံ့နေပြီဖြစ်၍ သင်၏ဖုန်းကို ပိုးကင်းရန် အချိန်ယူသန့်ရှင်းပေးရန်လိုပါသည်။ ကျန်းမာရေးကျွမ်းကျင်သူများကဗိုင်းရပ်စ်နှင့် ပတ်သက်၍ မသိသောအရာများစွာရှိနေသေးကြောင်း အသိပေးလိုသောကြောင့် လူတိုင်း တတ်နိုင်သလောက်ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်အရေးကြီးသည်။ လက်ကိုဆေးကြောရုံဖြင့်သင့်အားရောဂါကူးစက်ခြင်းမှကာကွယ်လိမ့်မည်မဟုတ်ပါ။ အကယ်၍ နေ့စဉ်ထိတွေ့နေတဲ့ အရာများကို သန့်ရှင်းရေးနှင့်ပိုးသတ်ဆေးမပြုလုပ်ပါက ဗိုင်းရပ်စ်ပိုးကူးစက်နိုင်သည့်အခွင့်အရေးရှိနေသေးသည်။

ကျွန်ုပ်တို့ ဖုန်းကို တစ်နေ့လျှင်အကြိမ်ပေါင်းများစွာထိတွေ့မိသော်လည်းသန့်ရှင်းရေးလုပ်ရန်သတိမထားမိပါ။ အခြေအနေများပေါ် မူတည်၍ COVID-19 ကဲ့သို့သောဗိုင်းရပ်စ်များသည်နာရီအနည်းငယ်မှတစ်ပတ်အတွင်း ဖုန်းမျက်နှာပြင်တွင် ရှင်သန်နိုင်သည်။ ထို့ကြောင့် ဖုန်းကိုသန့်ရှင်းရေးလုပ်ရန် (သို့) မစင်ကြယ်သောအရာတစ်ခုနှင့်ထိတွေ့မိတိုင်း သန့် ရှင်းရေးပြုလုပ်ရန်လိုအပ်သည်။

 

ဒါဆိုဖုန်းကိုဘယ်လိုနည်းနဲ့ကောင်းကောင်းပိုးသတ်မလဲ။

သင်၏အက်ပလီကေးရှင်းများကိုမည်သို့မှန်မှန်ကန်ကန်သန့်ရှင်းနိုင်ပုံနှင့် ပတ်သက်၍ တရားဝင်စာမျက်နှာတစ်ခုကို Apple ကထုတ်ပြန်ခဲ့သည်။ သို့သော်၊ သူတို့ပေးသောအကြံပြုချက်များနှင့်လမ်းညွှန်ချက်များသည်အခြားဖုန်းတံဆိပ်များနှင့်လည်းသက်ဆိုင်ပါသည်။ ဖုန်းအဖွင့်အပေါက်များ၌အစိုဓာတ်မပါတဲ့ ပျော့ပျောင်းသောပိတ်ထည်ကိုသုံးပြီး ပိုးသတ်ဆေးဖြန်းသုံးခြင်းသည်အဆင်ပြေသည်ဟုဆိုသည်။ သင်​၏ဖုန်းကို Apple မှမညရှင်းလင်းထားသည်ကိုလေ့လာရန်ဤဝါကျကိုနှိပ်ပါ။

သင်၏ဖုန်းကိုသန့်ရှင်းရေးလုပ်ရန်နည်းလမ်းမှာ –

၁။ ဖုန်းနှင့်ဆက်သွယ်ထားသောကေဘယ်ကြိုးအားလုံးကိုဖြုတ်ပါ

၂။ သင့်ဖုန်းမှcoverကိုဖယ်ရှားပါ

၃။ ဖုန်းကိုပိတ်ပါ

၄။ ဖုန်းကိုအရက်ပြန်ပါဝင်မှု ၇၀% ရှိသောပိုးသတ်ဆေးနှင့်သုတ်ပါ

၅။ ဖုန်း၏အတွင်းပိုင်းနှင့်အပြင်ဘက်သန့်ရှင်းရေးလုပ်ပါ

၆။ ဖုန်းcoverပြန်မတပ်ခင် ဖုန်းနှင့် coverကိုခြောက်သွေ့အောင်ထားပါ

ပိုးသတ်ဆေး မရရှိနိုင်သည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ ထိုသို့ဖြစ်ပါက ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်များကိုလိုက်နာပါ။

၁။ ဖုန်းနှင့်ဆက်သွယ်ထားသောကေဘယ်ကြိုးအားလုံးကိုဖြုတ်ပါ

၂။ သင့်ဖုန်းမှcoverကိုဖယ်ရှားပါ

၃။ ဖုန်းကိုပိတ်ပါ

၄။ အဝတ်တစ်ခုကိုဆပ်ပြာနှင့်ရေတို့ပါ

၅။ ဖုန်းအပေါက်ရေမဝင်ရန် အဝတ်နဲ့သေချာသုတ်ပါ

၆။ ခြောက်သောအဝတ်ဖြင့် ဖုန်းကိုရေမ၀င်စေရန်သေချာလုပ်ပါ

၇။ ဖုန်းcoverကိုဆပ်ပြာနှင့်ရေဖြင့်သန့်စင်ပါ

၈။ဖုန်းcoverပြန်မတပ်ခင် ဖုန်းနှင့် coverကိုခြောက်သွေ့အောင်ထားပါ

 

သင်၏ဖုန်းကိုပိုးသတ်ဆေးပြီးနောက် ဖုန်း storage ကိုသန့်ရှင်းအောင်ပြုလုပ်ပါ။ သင်၏ Android ဖုန်းသို့ FileZ ကိုဒေါင်းလုပ်ချပြီး ဖယ်ရှားလိုသောဖိုင်များကိုရှာဖွေရန် ဖုန်းရှိအကြောင်းအရာအားလုံးကိုဖိုင်တွဲများအဖြစ်ဖွဲ့စည်းမည်။ FileZ တွင်သိုလှောင်ခန်းသန့်ရှင်းရေးစနစ်ပါရှိပြီး ဖုန်းကိုနှေးစေမည့်ဖိုင်များနှင့် APK များကိုခွဲခြားသတ်မှတ်နိုင်သည်။

COVID-19 ပြန့်ပွားမှုကိုကာကွယ်ရန်ကျွန်ုပ်တို့၏ဖုန်းများကိုသန့်ရှင်းရေး လုပ်ခြင်းသည်အဓိကလုပ်ဆောင်ရန်တစ်ချက်ဖြစ်သည်။ ဖုန်းသန့်ရှင်းရေးလုပ်ခြင်းနှင့်အတူကျွန်ုပ်တို့အားလုံးသည်အများသုံးအရာများနှင့်ထိတွေ့ပြီးနောက်ကျွန်ုပ်တို့၏ဖုန်းများကိုမထိမိရန်နှင့်ညစ်ညမ်းနေသောအရာများပေါ်တွင်မတင်ရန် သတိထားရမည်။ ကျွန်ုပ်တို့၏ဖုန်းသန့်ရှင်းမှုကိုကျွန်ုပ်တို့ထိန်းချုပ်ထားပြီး၊ COVID-19 ဗိုင်းရပ်စ်များ၎င်းတို့အပေါ်ဆက်လက်မရှင်သန်နိုင်ရန် ကျွန်ုပ်တို့ဘက်မှအားစိုက်ထုတ်ပြုလုပ်နိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *