မြန်မာ့ရိုးရာ သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ၄လပို်င်း၁၃ရက်နေ့မှ ၄လပိုင်း၁၇ရက်နေ့ထိ ဆင်နွှဲလေ့ရှိသည်။ ယခုအခါ မြန်မာပြည်တွင်းတွင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲသည့်အပြင် ပြည်ပတွင်နေထိုင်သော မြန်မာလူမျိုးများသည်လည်း သင်္ကြန်ပွဲများဆင်နွှဲလေ့ရှိသည်။ Zapya ကုမ္ပဏီသည် မြန်မာပြည်တွင်းမှာ ရုံးဖွင်းလှစ်ထားခြင်းမရှိသောကြောင့် ပြည်တွင်းရှိ User များနှင့်အတူ သင်္ကြန်ပွဲတော်ကို ကျင်းပရန်မလွယ်ကူနိုင်ပေ။ သို့သော် ၂၀၁၉ သင်္ကြန်တွင် Zapya သည် ပေကျင်းမြို့တွင် ပညာတော်သင်ယူသော ကျောင်းသားကျောင်းသူများနှင့်အတူ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ပါသည်။

၎လပိုင်း၁၃ရက်နေ့၊ သင်္ကြန်အကြိုနေ့မှာ ပေကျင်းမြို့ပြင်မှာရှိသော ကျေးရွားဓလေ့ အပန်ဖြေစခန်းတွင် မြန်မာကျောင်းသာအယောက်၁၀၀နှင့်အတူ သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ပါသည်။ အကင်ပူဖေးအ၀စား၊ ဘီယာအ၀သောက်၊ KTV လည်းဆိုလိုရပါသည်။ Zapya ကုမ္ပဏီမှ အမှတ်တရတီရှက်အင်္ကျီ၊ Zapya logo ပါရေဗူးများကို ကြွရောက်လာသောမြန်မာလူမျိုးအားလုံးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါသည်။ ထို့အပြင် ဂိမ်းကစားသောအခါ Zapya logo ပါ USB Stick ၊ အားကစားဘောလုံး၊ စာအုပ်ပုံစံရှိမီးအိမ်များကို ကံစမ်းမဲဖောက်ပေးခဲပါသည်။

သင်္ကြန်ပွဲကိုပါဝင်ဆင်နွှဲသော လူများအားလုံး Zapya ၀တ်စုံဖြင့် မြန်မာသင်္ကြန်အက ကနေသောမြင်ကွင်း၊ ပျော်ပျော်ရွင်ရွင် ရေကစားနေသောမြင်ကွင်း၊ သင်္ကြန်သီချင်းများကို လူအစုလိုက်ဆိုနေသောမြင်ကွင်းများကို တွေ့ရှိရတဲ့အတွက် အလွန်ပင် ကြည်နူးပျော်ရွင်မိပါသည်။ ထိုကြောင့် နောင်နှစ်တွင် အခွင့်အရေးရှိပါက Zapya ကုမ္ပဏီမှ အကူအညီထောက်ပံမှုများပေးပြီး ပေကျင်းမြို့ရှိ မြန်မာကျောင်းသားနှင့်အတူ ရိုးရာသင်္ကြန်ကိုဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပါသည်။ မြန်မာပြည်တွင်းရှိ Zapya user များလည်း သင်္ကြန်အတွင်း ပျော်ပျော်ရွင်ရွင်ဖြတ်သန်းနိုင်ပြီး စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။

You may also like
-
Zapya 2025: A Year in Review — Thank You for Being Part of Our Journey
-
Zapya နှင့်အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်း။
-
2024 နှစ် သုံးသပ်ချက် – Dewmobile Inc. ၏ Family of Apps မှ ပေါ်လွင်ချက်များ
-
To our incredible Zapya users,
-
Zapya WebShare ဖြင့် ဖိုင်များကို ချောမွေ့စွာ မျှဝေလိုက်ကြစို့ – သင်၏ ဖိုင်လွှဲပြောင်းမှု လိုအပ်ချက်အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းချက်။
