မိတ်ဆွေရဲ့ iOS စက်ပစ္စည်း ပျောက်ဆုံးသွားခြင်း၊ ပြုတ်ကျခြင်း (သို့) ရပ်တန့်သွားခြင်းများ ဖြစ်ဖူးပါသလား။ ပျောက်ဆုံးပျက်စီးသွားတဲ့ဖုန်းထဲက ဖိုင်တွေ PC မှာ အရန်သိမ်းဖို့ မေ့သွားတဲ့အတွက် စိတ်ပျက်ပြီး စိတ်ရှုပ်ခဲ့ဖူး မှာပါ။ ဒီလိုအဖြစ်မျိူးကို ဘယ်သူမှလည်း မကြုံချင်ပါဘူး။ အကယ်၍ ကြုံခဲ့ပြီဆိုပါက အရေးကြီးတဲ့ဖိုင်တွေ မဆုံးရှုံးချင်ပါဘူး။
မိတ်ဆွေတို့ iOS စက်အတွက် backup လုပ်ဖို့ အဆင်ပြေရန်၊ ကျွန်တော်တို့၏ Zapya Backup လုပ်ဆောင်ချက် ကို မိတ်ဆက်ပါရစေ။ မိတ်ဆွေ၏ iOS စက်မှ ကွန်ပျူတာထဲသို့ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ သီချင်းနှင့် contact များကို အရန်ကူးနိုင်သည်။ WI-FI ချိတ်ဆက်မှု၊ ဖုန်းဒေတာ နှင့် အားသွင်းကြိုးများ မလိုပါဘူး။ မိတ်ဆွေ၏ PC မှာ storage အလုံအလောက်ရှိဖို့နဲ့အချိန်အနည်းငယ်သာလိုအပ်ပါသည်။
[maxbutton id=”1″ url=”https://apps.apple.com/us/app/zapya-file-sharing/id576309271″ text=”Zapya iOS” ]
iOS စက်မှာ Zapya ၏နောက်ဆုံးဗားရှင်းသို့ လုပ်ပြီး ဤလုပ်ဆောင်ချက်ကိုစသုံးလိုက်ပါ။
ဖိုင်များကို သင်၏ကွန်ပျူတာထဲသို့ အရန်ကူးရန်-
- သင်၏PC နှင့် iOS စက်ပေါ်တွင် Zapya ကိုဖွင့်ပါ။
- iOSစက်တွင် screen အောက်ခြေရှိ “Transfer” ခလုပ်ကိုနှိပ်ပါ။
- ရေဒါပေါ်ရှိ ကွန်ပျူတာavatar ပုံကိုရွေးပါ။
- ချိတ်ဆက်ပြီးတာနဲ့ ကွန်ပျူတာavatar အောက်မှာ pop-up window ပေါ်လာပါလိမ့်မည်။ “Backup” ကိုနှိပ်ပြီးပါက ခွင့်ပြုချက်ကုဒ် ပေါ်လာပါမည်။
- ကွန်ပျူတာတွင် ပေါ်လာသော Zapya pop-up window တွင် ကုဒ်ကိုထည့်သွင်းပါ။
- iOS စက်တွင်OK ကိုနှိပ်ပါ။ ကွန်ပျူတာထဲလွှဲပြောင်းလိုသောအမျိုးအစားကိုရွေးပြီး”Start Backup” ကိုနှိပ်ပါ။
- သင်၏ဖိုင်များသည် ကွန်ပျူတာထဲသို့ အလိုအလျောက် back up လုပ်ပါလိမ့်မည်။
You may also like
-
Zapya 2025: A Year in Review — Thank You for Being Part of Our Journey
-
Zapya နှင့်အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်း။
-
2024 နှစ် သုံးသပ်ချက် – Dewmobile Inc. ၏ Family of Apps မှ ပေါ်လွင်ချက်များ
-
To our incredible Zapya users,
-
Zapya WebShare ဖြင့် ဖိုင်များကို ချောမွေ့စွာ မျှဝေလိုက်ကြစို့ – သင်၏ ဖိုင်လွှဲပြောင်းမှု လိုအပ်ချက်အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းချက်။
