သင့်ကိုယ်ပိုင်Maskဘယ်လိုလုပ်မလဲ?

publicနေရာတွေမှာ Maskများတပ်ဆင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးသောယဉ်ကျေးမှုပုံစံတစ်ခုဖြစ်လာသည်။ များသောအားဖြင့် လူတို့သည် အခြားသူများအား ယဉ်ကျေးမှုနဲ့လေးစားမှုပြုလုပ်ချိန်တွင်သာ ယဉ်ကျေးမှုဆိုတာကိုရည်ညွှန်းကြသည်။ COVID-19 ပြန့်နှံ့ချိန် publicနေရာတွေမှာ Maskတပ်ဆင်ခြင်းသည် ပတ်ဝန်းကျင်ရှိလူများကို လေးစားသည့်အပြင် ကိုယ့်ကိုကိုယ်အကောင်းဆုံးကာကွယ်ပြီး ရောဂါပိုးပျံ့နှံ့မှုကိုနှေးစေရန် အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်းပြသခြင်းဖြစ်သည်။ သင့်ကိုယ်ပိုင်Maskကို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုစနစ်တကျအသုံးပြုပြီး ဘယ်လိုသန့်ရှင်းရမလဲဆိုတာကိုဆက်လက်ဖတ်ရှုပါ။

Maskလုပ်ရန် ရိုးရှင်းသောနည်း()နည်း

တီရှပ်မျက်နှာမျက်နှာဖုံး

၁။သန့်စင်သောတီရှပ်နှင့်ကတ်ကြေးတစ်လက်ကိုရှာပါ

၂။ တီရှပ်၏အောက်ခြေမှ ၁၈-၂၀ စင်တီမီတာကိုဖြတ်ယူပါ

၃။ ၁၅-၁၇ စင်တီမီတာရှည်တဲ့စတုဂံပုံကိုအစ​၏အလယ်ကနေဖြတ်ထုတ်ပြီး ကြိုးကိုလည်းဖြတ်ပါ

၄။ ကြိုးကိုလည်ပင်းမှ ခေါင်းထိပ်ထိချည်ထားပါ

Bandana/လက်ကိုင်ပဝါမျက်နှာဖုံး

၁။ လက်ကိုင်ပဝါ၊ လည်စီး သို့မဟုတ် စတုရန်းပုံရှိချည်စ နှင့်ရာဘာကြိုးသို့မဟုတ်ဆံပင်ချည်ကြိုးနှစ်ခုကိုရှာပါ

၂။ ပြင်ထားတဲ့ အစကို ထက်ဝက်ခေါက်ပါ

၃။ အပေါ်ဆုံးနှင့်အောက်ခြေကိုခေါက်ပါ

၄။ ရာဘာကြိုးသို့မဟုတ်ဆံပင်ချည်ကြိုးများ ကို၁၅ စင်တီမီတာအကွာအဝေးထားပါ

၅။ နှစ်ဖက်စလုံးကို အလယ်သို့ခေါက်ပြီးတစ်ဖက်ကို တစ်ဖက်သို့ဆွဲထည့်ပါ။

၆။ ရာဘာကြိုးသို့မဟုတ်ဆံပင်ချည်ကြိုးများကို နားပတ်လည်မှာတပ်ပါ။ အစကို နှာခေါင်းနှင့်ပါးစပ်ထိ ဖုံးအုပ်ပါ။

သင့်ရဲ့မျက်နှာဖုံးကိုစနစ်တကျဘယ်လိုအသုံးပြုမလဲ?

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ မျက်နှာဖုံးများသည်သင့်လက်ကို မကြာခဏဆေးကြောခြင်းဖြင့်သာလျှင် ထိရောက်နိုင်သည်။ မျက်နှာဖုံးကိုမတပ်ဆင်ခင် လက်များကိုဆပ်ပြာနှင့်ရေသို့မဟုတ်အရက်ပြန်ပါတဲ့ sanitizer ဖြင့် ဆေးကြောပါ။ မျက်နှာဖုံးတပ်ဆင်ပြီးလျှင် မျက်နှာနှင့်မျက်နှာဖုံးအကြားကွာဟမှုမရှိခြင်းနှင့် အသက်ရှူမှု ကန့်သတ်မှုမရှိအောင် လုပ်ပါ။ သင့်မျက်နှာဖုံးသည်မျက်နှာတစ်ဝိုက်တွင်တင်းတင်းကျပ်ကျပ်သက်တောင့်သက်သာမှုအနေထားရှိသင့်သည်။

မျက်နှာဖုံး တပ်ထားစဉ် မျက်နှာဖုံးကိုမထိမိအောင်နေပါ။ ထိမိပါက သင်၏လက်ကိုအမြန်ဆုံးဆေးကြောပါ။ မျက်နှာဖုံးစိုလာလျှင် ချက်ချင်းနောက်တစ်ခုလဲသုံးပါ။ မျက်နှာဖုံးများကိုပြန်ပြီးမသုံးပါနှင့်။

သင်မျက်နှာဖုံးကိုဖယ်ရှားတဲ့အခါ နားကွင်း/ချိတ်များဖြင့် ဖယ်ရှားရမည်။ မျက်နှာဖုံး၏ရှေ့မှောက်ကနေမယူပါနှင့်။ သင်၏မျက်လုံး၊ နှာခေါင်းနှင့်ပါးစပ်ကို မထိမိရန်သတိပြုပါ။ မျက်နှာဖုံးဖယ်ရှားပြီးနောက် လက်ကိုဆေးကြောပါ။

ကျန်းမာရေးအရာရှိများက အဝတ်စည်းကိုအသုံးပြုပြီးနောက် ဆေးကြောပါဆိုပြီးအကြံပြုသည်။ မျက်နှာဖုံးကို လျှော်စက်ဖြင့်လည်းကောင်း၊ လက်နှင့်ဆပ်ပြာဖြင့်လည်းကောင်း၊ ရေပူဖြင့်လည်းကောင်းဆေးကြောခြင်း သို့မဟုတ်၎င်းကို မိနစ်အနည်းငယ်ကြာရေပူအိုးထဲတွင် ထည့်ခြင်းဖြင့်ဖြစ်စေ သန့်ရှင်းနိုင်သည်။မျက်နှာဖုံးစွပ်တွင်အပေါက်ရှိနေပါက လွှင့်ပစ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *