Warning: sprintf(): Too few arguments in /www/wwwroot/default/wp-content/themes/elegant-magazine/lib/breadcrumbs/breadcrumbs.php on line 254

Zapya 2018 အနှစ်ချုပ်

2018ပြီးဆုံးသွားပါပြီး 2018 မှာ DewMobile,Inc ကုမ္ပဏီမှ ဘယ်လိုလုပ်ဆောင်ချက်ေ တွပြုလုပ်ခဲ့ ပါသလဲ၊ ဘယ်လိုအက်ပလီကေးရှင်းမျိုး ကိုထုတ်ခဲ့သလဲဆိုတာကို အက်မင်နဲ့အတူ နောက်ကြောင်းပြန် ကြည့်လိုက်ကြစို့။ DewMobile,Inc ကုမ္ပဏီသည် 2018မှာ Zapya အက်ပလီကေးရှင်းနဲ့ပတ်သတ်ပြီး ဗားရှင်းအသစ်တွေ၊ စွမ်းဆောင်မှုအသစ်တွေထက်တိုးခဲ့ပါတယ်။

၁။ အောက်ပါအကြောင်းအရာက 2018 Zapya မှာထက်တိုးခဲ့တဲ့ စွမ်းဆောင်ချက်

Zapya VIP

Androidမှာတော့ ပိုက်ဆံပေးဝယ်ရတဲ့၊ ကြော်ငြာတွေမပါတဲ့ Zapya VIP ဗားရှင်းအသစ်ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ ၄င်းဗားရှင်းမှာတော့ မိမိရဲ့ စောင့်ရှောင့်လိုသော၊ လျှို့ဝှက်လိုသောဖိုင်များကို ဖိုင်အိတ်ထဲထည့်လို့ရပါတယ်။ သူတစ်ပါးနဲ့Zapya ချိတ်ဆက်တဲ့အခါ ကို ထိုဖိုင်တွေကို မြင်ရတော့မည် မဟုတ်ပါ။ IOS ဗားရှင်းမှာဆိုရင်လဲ Zapya Pro လို့ရှာပြီး ဒေါင်းလုပ်ဆွဲလို့ရပါတယ်။

ဖိုင်ထိန်းသိမ်းရေးတိုးမြှင့်ခြင်း

Zapya ရဲ့ Local search နေရာတွင် contacts, ZIP files, documents, eBooks နဲ့ ဖိုင်တစ်ခုလုံးကို  လွယ်ကူစွာဖြင့်ဝင်ရောက်နိုင်ပြီး မျှဝေပေးပို့ရာတွင်လဲ အဆင်ပြေပါတယ်။ ဖုန်းအဟောင်းမှရှိသော ဖိုင်များ၊ ဓာတ်ပုံများကိုလဲ တစ်ချက်နှိပ်ရုံဖြင့် ဖုန်းအသစ်သို့ရောက်ရှိနိုင်တဲ့ အစွမ်းလဲပါဝင်လာပါတယ်။

Bluetooth ဖြင့်ချိတ်ဆက်ခြင်း

QR code, radar ဖြင့် Scan ဖတ်တဲ့နည်းလမ်းရှိသည့်အပြင် Bluetooth ဖြင့်ချိတ်ဆက်လို့ရပါတယ်။ ဒီနည်းလမ်းမှာ ပုံမှန်အားဖြင့် ချိတ်ဆက်တဲ့အခါမှာ Password ထည့်စရာမလိုတော့ပါ။ IOS Device အနေဖြင့် Android Device ကိုလွယ်ကူစွာ ရှာတွေနိုင်ပါတယ်။

Android ဗားရှင်းအားလုံး Zapya ဒေါင်းလို့ရ

DewMobile,Inc ကုမ္ပဏီရဲ့ကြိုးစားမှုကြောင့် ယခုအခါမှာ မည်သည့် Android ဗားရှင်းမဆို Zapya ကိုဒေါင်းလုပ်ဆွဲလို့ရပါသည်။ နောက်ဆုံး Zpaya ဗားရှင်းမှာဆိုရင် new Wi-Fi hotspots နဲ့ WiFi Direct hotspots  ကိုထောက်ပံပေးထားပြီး ပိုပြီးလုံခြုံပြီး ချိတ်ဆက်တဲ့အခါပိုပြီးလွယ်ကူပါတယ်။

MAC ဗားရှင်းရဲ့စွမ်းဆောင်ချက်များ

Zapya User Mac ဖြင့် device နှစ်ခုကိုချိတ်ဆက်တဲ့အခါမှာ အဝေးကနေပြီး Mouse ဖြင့်ထိန်းချုပ်လို့ ရပါတယ်။ အဝေးမှထိန်းချုပ်သော အစွမ်းကတော့ Zapya official ထဲဝင်ပြီး Zapya for Mac ကိုဒေါင်းယူလိုက်ပါ။ Zapya Pro နဲ့ Zapya VIP အသုံးပြုသော User များသည် မိမိမိုဘိုင်းဖုန်းမှဖိုင်များကို Mac ထဲသို့ Backup လုပ်လို့ရပါတယ်။

၂။ အက်ပလီကေးရှင်းအသစ်များ ထုတ်လုပ်

User ရဲ့လိုအပ်ချက်ကို လိုက်လျောပြီး DewMobile,Inc ကုမ္ပဏီသည် အက်ပလီကေးရှင်များကို ထုတ်လုပ်ပေးခဲ့ပါသေးတယ်။

Zapya Mini Game

User များအားလပ်ချိန်မှာ အပျင်းပြေကစားဖို့အတွက် Mini Games များကိုထုတ်လုပ်ပေးခဲ့ပါတယ်။ ယခုမှာ ခေတ်စားနေတဲ့ဂိမ်းများကို single တစ်ယောက်တည်းဆော့လို့ရသလို၊ လူအများနဲ့လဲဆော့လို့ရပါတယ်။

Zapya Go

Zapya Go ကို ဖိုင်size သေးတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဖိုင်Share တဲ့အခါမှာ အလွန်အဆင်ပြေပါတယ်။ Android Go ရဲ့အာမခံချက်ရှိပါတယ်။ ၄င်းထဲမှာ ဂိမ်းတွေ ဒေါင်းယူလို့ရပါတယ်။

RecorderZ

RecorderZ ကတော့ ဖုန်း screen ကိုမှတ်တမ်းတင်တဲ့အက်ပလီကေးရှင်း တစ်ခုဖြစ်ပါတယ်။ ဂိမ်းတွေကစားနေတဲ့အခါမှာလဲ Recording လုပ်လို့ရပါတယ်။

FileZ

FileZ ကတော့ ဖုန်းထဲရှိဖိုင်များကို ထိန်းသိမ်းသော ရိုးရှင်းတဲ့အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ File Z သို့သွားပြီး ဖုန်းကိုနှေးစေတဲ့ဖိုင်များကို ဖျက်ပစ်လို့ရပါတယ်။

၃။ ကံစမ်းမဲအစီအစဉ်နဲ့ဖုန်းဘေလ်အစီအစဉ်

Zapya ထဲရှိ ဗီဒီယိုအတိုလေးကြည့်ပြီး ဖုန်းဘေလ်ကံစမ်း

2018 ခုနှစ်မှာတော့ ဗီဒီယိုအစီအစဉ်နှင့်ပတ်သတ်ပြီး အကြိမ်ပေါင်းတစ်ဆယ်ကျော် ပြုလုပ်ခဲ့ပါတယ်။ နှစ်ကူးသင်္ကြန်မှာလည်း ဖုန်းဘေလ်အစီအစဉ်များ ပြုလုပ်ခဲ့ပါတယ်။ ဖုန်းဘေလ်စုစုပေါင်း ၈သိန်းခန့်ဖြည့်ပေးခဲ့ပါတယ်။

Zapya User နဲ့တွေ့ဆုံဆွေးနွေပွဲ

2018ခုနှစ် 1လပိုင်းမှာဆိုရင် Zapya အဖွဲ့ ရန်ကုန်ပြည်သူ့ရင်ပြင်သို့သွားပြီး Zapya User များနဲ့တွေ့ဆုံဆွေးနွေးပွဲလေး ကျင်းပခဲ့ပါတယ်။ User များကလည်း Zapya အပေါ် ပိုပြီးအသုံးပြုလို့ကောင်းအောင် အကြံပေးပေးခဲ့ပါတယ်။ Zapya အဖွဲ့မှာလည်း ကျေးဇူးတင် သောအနေဖြင့် T-shirt များ၊ သော့တွဲများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

2018 World-Cup အစီအစဉ်

2018 ခုနှစ်မှာ ကမ္ဘာ့ဖလားရရှိနိုင်သော အသင်းကိုခန့်မှန်ပြီး ငွေသားတစ်သိန်းဆုချီးမြှင့်သော အစီအစဉ်ပြုလုပ်ခဲ့ပါသေးတယ်။ ထိုအစီအစဉ်မှာတော့ ပြင်သစ်ကိုခန့်မှန်ထားသော User နှစ်ခု တစ်သိန်းကျပ်စီ ရရှိသွားပါတယ်။ အခြားကံစမ်းခန့်မှန်းထားသော User များကိုလည်း ဖုန်းဘေလ်ငါးသောင်းဖြည့်ပေးသေးပါတယ်။

RecorderZ Slogan အစီအစဉ်

2018 မှာတော့ အက်ပလီကေးရှင်းအသစ် Recorder Z ထုတ်လုပ်ခဲ့ပြီး ၄င်းအတွက် ဆောင်ပုဒ်တစ်ကြောင်း အကြံပေးသော အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။ ထိုအစီအစဉ်မှာလည်း ဆောင်ပုဒ်အရွေးချယ်ခံရသော User များကို ဖုန်းဘေလ်များလက်ဆောင်ပေးခဲ့ပါတယ်။

ViewChian Wallet အစီအစဉ်

2108 နှစ်ကုန်မှာတော့ ViewChian Wallet အစီအစဉ်စတင်ခဲ့ပါတယ်။ ၄င်းအစီအစဉ်ကတော့ wallet ထဲဝင်ပြီး ELA coin များကိုစုပြီး ဖုန်းဘေလ်၃၀၀၀ကျပ် ထုတ်သောအစီအစဉ်ဖြစ်ပါတယ်။ ၄င်းအစီအစဉ်ကတော့ တာရှည်ရှိသွားမှာဖြစ်ပါတယ်။ ယခုပါဝင်လျှင် မှီပါသေးပါတယ်။

3 thoughts on “Zapya 2018 အနှစ်ချုပ်

Leave a Reply

Your email address will not be published. Required fields are marked *