ရှေ့တန်းလုပ်သားများကိုကျေးဇူးတင်ပါကြောင်း

ပထမဦးစွာ ရှေ့တန်းမှလုပ်ဆောင်နေသူအားလုံးကို ကျွန်တော်တို့၏ စိတ်နှလုံးထဲမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ထိုသူများကြောင့်ကျွန်တော်တို့သည်ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေသောကာလအတွင်း အိမ်၌ကျန်းမာစွာနေထိုင်နိုင်သည်။၎င်းတို့တွင် ကျန်းမာရေးစောင့်ရှောက်သူများ၊စာတိုက်၀န်ထမ်းများ၊ ကုန်စုံစတိုးဆိုင်၀န်ထမ်းများ၊ ဆေးဆိုင်၀န်ထမ်းများ၊ သန့်ရှင်းရေးသမားများ၊ မီးဖိုချောင်၀န်ထမ်းများ၊ ITသမားများ၊ကျွန်ုပ်တို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးသော၊စောင့်ရှောက်မှုပေးသောဝန်ထမ်းများပါဝင်ပါသည်။သူတို့၏အသက်ကိုနေ့စဉ်အန္တရာယ်ပေးပြီး ပြည်သူများကိုစောင့်ရှောက်နေရသဖြင့် ကျွန်တော်တို့မှကျေးဇူးတင်ဆပ်မည်ဆိုလျှင်လည်းလုံလောက်မည်မဟုတ်ပါ။

ဤကာလအတွင်း ကျွန်တော်တို့မိသားစုများ နှင့်အတူ အိမ်တွင်နေနိုင်ခြင်းသည်အခွင့်ထူးတစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့ထဲမှ အချို့သည် ရွေးချယ်စရာမရှိပါ။ဘာကြောင့်လဲဆိုတော့ဗိုင်းရပ်စ်ကြောင့် အလုပ်ဖြုတ်ခံရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းတို့ဖြစ်ပါသည်။ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာရေးကိုပိုင်ဆိုင်ပါတယ်။အိမ်တွင်နေခြင်းသည် ကျွန်ုပ်တို့၏ချစ်ရသူများနှင့်မိမိကိုယ်ကို COVID-19 မှအကာအကွယ်ပေးရုံသာမကရှေ့တန်းမှလုပ်ဆောင်နေသောလူများကိုလည်းကာကွယ်ပေးပါသည်။

အိမ်မှာနေပြီးတစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိခြင်း၊ စိတ်ရှည်မှုရှိခြင်းအားဖြင့်ကျွန်ုပ်တို့ကူညီနိုင်သေးပါတယ်။ကျွန်တော်တို့အားလုံးသည်အရေးပေါ်အခြေအနေနှင့်ပုံမှန်သဘောမျိုးခံစားနေကြရသည်။ဤဗိုင်းရပ်စ်သည်အခြားကပ်ဘေးဆိုးများနှင့်မတူဘဲကျွန်ုပ်တို့၏ပြတင်းပေါက်အပြင်ဘက်ရှုခင်းမပြောင်းလဲဘဲကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ၏ထိတ်လန့်စရာများကိုရောင်ပြန်ဟပ်နေသည်။ကျွန်ုပ်တို့အားလုံးလက်ရှိ ကြုံတွေ့နေရသောအခြေအနေ ဆိုးရွားလှကြောင်း ကို ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူထံမှ လည်းကောင်း ကျွန်ုပ်တို့ကြားရသောသတင်းများမှ လည်းကောင်း နားလည်နိုင်ကြသည်။

သူတို့အားလုံး ကျွန်ုပ်တို့ အတွက်အလုပ်လုပ်ဖို့သွားကြတယ်။ သူတို့အဘို့ ကျွန်ုပ်တို့အားလုံးအိမ်မှာနေကြပါစို့။

1 thought on “ရှေ့တန်းလုပ်သားများကိုကျေးဇူးတင်ပါကြောင်း

  1. အားလုံးကျန်းမာ ချမ်းသာ၍ ဒီကပ်ဘေးကြီးမှ အမြန်လွတ်မြောက်နိုင်ပာစေ

Leave a Reply

Your email address will not be published. Required fields are marked *