Zapya မှ location နဲ့အခြားခွင့်ပြုချက်တွေ ဘာကြောင့်တောင်းခံတယ်ဆိုတာကိုသိလိုပါသလား။ သိလိုပါက ဒီဗွီဒီယိုကိုအပြီးထိကြည့်ပြီး လေ့လာပေးပါဦး။
Zapya ကနေတောင်းခံတဲ့ခွင့်ပြုချက်အားလုံးသည် အက်ပလီကေးရှင်းမှာပါတဲ့featureတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ Zapya ရဲ့ ဖိုင်မျှဝေခြင်း feature ကို ပုံမှန်အလုပ်လုပ်စေဖို့အတွက် ခွင့်ပြုချက်အများစုကို အသုံးပြုရပါတယ်။ ဖိုင်မျှဝေခြင်းသည် Zapya ရဲ့ အဓိကလုပ်ဆောင်မှု တစ်ခုဖြစ်တဲ့အတွက် အချို့ခွင့်ပြုချက်မရရှိပါက ပုံမှန်လုပ်ဆောင်နိုင်မည်မဟုတ်ပါ။
ဖိုင်မျှဝေခြင်း လုပ်ဆောင်မှုနှင့်မသက်ဆိုင်သော ခွင့်ပြုချက်များကို ဖုန်းပွားခြင်းလုပ်ဆောင်မှုတွေမှာ ပုံမှန်အလုပ်လုပ်ရန်အတွက် အသုံးပြုရပါတယ်။ ဖုန်းပွားခြင်း featureသည် Zapyaရဲ့ ထပ်ဆောင်း လုပ်ဆောင်မှု တစ်ခုဖြစ်ပြီး ဖုန်းတစ်ခုမှအကြောင်းအရာများကို အခြားဖုန်းတစ်ခုထဲသို့ လွှဲပြောင်းပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုကို သုံးရန်အစီစဉ်ရှိပါက ဖုန်းပွားခြင်းလုပ်ဆောင်မှုနှင့်သက်ဆိုင်သော ခွင့်ပြုချက်များကို ဖွင့်ပေးရန် လိုအပ်ပါတယ်။
Zapya မှတောင်းခံတဲ့ခွင့်ပြုချက်အားလုံးကို မိတ်ဆွေတို့ control လုပ်လို့ရတယ်ဆိုတာကို သိထားပေးပါဦး။သို့သော်အချို့ ခွင့်ပြုချက်တွေရဲ့ ရယူခွင့်ကို ခွင့်မပြုပါက ထိုခွင့်ပြုချက်များနှင့်သက်ဆိုင်သောလုပ်ဆောင်ချက်များသည် ပုံမှန်အလုပ်မလုပ်နိုင်ပါဘူး။ မိတ်ဆွေတို့ပိုမိုသိလိုသောအချက်ရှိလျှင် Zapya ရဲ့ Privacy Policy နဲ့ Terms of Serviceကိုကြည့်ရှုနိုင်ပါတယ်။
Privacy Policy: https://zapya.app/policy_en.html
Terms of Service: https://zapya.app/v3/terms_of_service.html
You may also like
-
Zapya 2025: A Year in Review — Thank You for Being Part of Our Journey
-
Zapya နှင့်အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်း။
-
2024 နှစ် သုံးသပ်ချက် – Dewmobile Inc. ၏ Family of Apps မှ ပေါ်လွင်ချက်များ
-
To our incredible Zapya users,
-
Zapya WebShare ဖြင့် ဖိုင်များကို ချောမွေ့စွာ မျှဝေလိုက်ကြစို့ – သင်၏ ဖိုင်လွှဲပြောင်းမှု လိုအပ်ချက်အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းချက်။

Good