Zapya ၏အော့ဖ်လိုင်း Chat ကိုသုံးကြည့်ပါ။

အနီးအနားရှိသူငယ်ချင်းများနှင့်စကားပြောလိုပြီး Wi-Fi သို့မဟုတ် ဖုန်းဒေတာ သုံးမရ ဖြစ်နေပါက Zapya ၏ အော့ဖ်လိုင်း Chat အင်္ဂါရပ်ကို သုံးကြည့်ပါ။ အော့ဖ်လိုင်း ချက်တင်သည် လုံးဝ private ဖြစ်ပါသည်။ ဆိုလိုသည်မှာ  မက်ဆေ့ခ်ျများကို အင်တာနက်မှ မျှဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်းများ မပြုလုပ်ပါ။ သင်ဆက်သွယ်မှု ဖြတ်လိုက်သည် နှင့် chat history သည်လုံးဝပျောက်ကွယ်သွားပြီး ပြန်လည်၍  မရနိုင်ပါ။

 

Zapya ၏ အော့ဖ်လိုင်း Chat ကိုအသုံးပြုရန်-

၁။ သူငယ်ချင်းတစ်ယောက်၏စက်နှင့်ချိတ်ဆက်ပါ။ သင်သည် group တစ်ခုကို create လုပ်ပြီး သူငယ်ချင်းများကို ပါ၀င်စေခြင်း၊ စက်နှစ်ခုကို တစ်ချိန်တည်းတွင် shake လုပ်ပြီး ဆက်သွယ်မှုတစ်ခု တည်ဆောက်ခြင်း သို့မဟုတ် အနီးအနားရှိ စက်များ ကိုစကင်ဖတ်ခြင်း စသည်တို့ဖြင့် ပြုလုပ်နိုင်သည်။ မည်သို့ပြုလုပ်ရမည်ကို လေ့လာလိုပါက ကျေးဇူးပြုပြီး ဤစာပိုဒ်၏အဆုံးတွင် ရနိုင်သော လင့်ခ်များကို ဆက်လက်ကြည့်ရှုပေးပါ။

၂။ သင်၏ screen ညာဘက်ထောင့်ပေါ်ရှိ Message icon ကိုနှိပ်ပါ။

၃။ ယခု အင်တာနက် သို့မဟုတ် ဖုန်းဒေတာ မလိုပဲ သင်၏သူငယ်ချင်းနှင့် မက်ဆေ့ခ်ျများ ပေးပို့နိုင်ပြီဖြစ်သည်။

 

Zapya တွင် ရရှိနိုင်သော ဖိုင်မျှဝေခြင်း အင်္ဂါရပ်များ၏ အသုံးပြုပုံကို လေ့လာလိုပါက ကျွန်တော်တို့၏ YouTube ချန်နယ်၏ official သင်နည်းများကို ကြည့်ပေးပါ။ ကျွန်တော်တို့၏ သင်နည်းများကို ဘာသာစကားမျိုးစုံဖြင့် ရရှိနိုင်သည့်အတွက် အလွယ်တကူ သင်ယူနိုင်ပါသည်။ သင်နည်းများကို ကြည့်ရှုရန်အတွက် သင်၏ဘာသာစကားရွေးချယ်မှုဘေးရှိ လင့်ခ်ကိုနှိပ်ပါ။

 

Official Tutorial Videos

 

English: https://www.youtube.com/playlist?list=PL3GVPFeEEpPGxarvGkWVLPPt2hwPft6oU

Español: https://www.youtube.com/channel/UCX1dSuX55mwuI2Ei1IyQ8yQ/featured

русский язык: https://www.youtube.com/playlist?list=PL3GVPFeEEpPHIGg1Dk56wQLdPgm27EEDw

فارسی : https://www.youtube.com/playlist?list=PL3GVPFeEEpPG21R1R6i28QqHbifdezxgA

မြန်မာဘာသာ: https://www.youtube.com/playlist?list=PL3GVPFeEEpPHhoZ2sr4PBvR_DPjx4PjLn

اَلْعَرَبِيَّةُ : https://www.youtube.com/playlist?list=PL3GVPFeEEpPFQj5iftMRMVVNzB_aQc2Tj

اُردُو  : https://www.youtube.com/playlist?list=PL3GVPFeEEpPHSpB96JEoTQNbtKibJxgK0

हिन्दी: https://www.youtube.com/playlist?list=PL3GVPFeEEpPF2Tt5W25-mXFq8u6lGSlDZ

Leave a Reply

Your email address will not be published. Required fields are marked *