ပျော်ရွှင်စရာအဖေများနေ့!

ကမ္ဘာပေါ်မှာရှိတဲ့ဖေဖေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်သော မိသားစု၊ သားသမီးများနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်‌‌တော်တို့ဘဝမှာ သူရဲကောင်းသဖွယ်ရှိပေးခဲ့တဲ့ အဖေကို အလွန်ကျေးဇူးတင်ပါသည်။

ကဗျာဆရာ Karen K. Boyer က သူမ၏ဖခင်အကြောင်းကို ကဗျာ၌ ကျွန်တော်တို့အားလုံးမှ ဖခင်အပေါ်ထားရှိတဲ့ ခံစားချက် များကို အောက်ပါအတိုင်းရေးသားခဲ့ပါသည်။

သူဟာ ခိုင်မာတဲ့အုတ်မြစ်

ငါတို့၏ဘဝမုန်တိုင်းအားလုံးကို ဖြတ်ကျော်ပေးသူ၊

ငါတို့ စိတ်ဖိစီးမှုနှင့်ခိုက်ရန်ဖြစ်ပွားမှု ကာလတွင်

ဆုပ်ကိုင်နိုင်သော အခိုင်အမာရှိနေသော လက်တစ်စုံ။

ငါတို့ ယုံကြည်နိုင်သော သူငယ်ချင်းကောင်းတစ်ယောက်

ချိုသည် ခါးသည် မရွေး၊

ငါတို့၏အကြီးမြတ်ဆုံးကောင်းချီးတစ်ခုမှာ

အဖေလို့ခေါ်တဲ့သူပါပဲ

Leave a Reply

Your email address will not be published. Required fields are marked *