Zapya Transfer Pro အကောင့်တစ်ခုရှိတာက ပိုကောင်းပါတယ်။ ယခုဆိုရင် Zapya Transfer Pro အကောင့်ရှိသူသည် အွန်လိုင်းဖိုင်ပြောင်းလဲခြင်းလုပ်ဆောင်ချက် ကိုအကန့်အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်တယ်။ အသေးစိတ်ကို အောက်တွင် ဆက်လက် ဖတ်ရှုပေးပါဦး။
Zapya Transfer မှ အွန်လိုင်းဖိုင်ပြောင်းလဲခြင်းလုပ်ဆောင်ချက် အသစ်ဖြင့် ဗီဒီယို အမျိုးအစားနှင့်အရွယ်အစား တို့ကို လျင်မြန်စွာ ပြောင်းလဲနိုင်ပါတယ်။ ဗွီဒီယိုမှ အသံကိုလည်း ထုတ်ယူ၊ ပယ်ဖျက် နိုင်ပါတယ်။ Zapya Transfer အခမဲ့ အကောင့် သည် အွန်လိုင်းဖိုင်ပြောင်းလဲခြင်းလုပ်ဆောင်ချက် ကို တစ်လလျှင်နှစ်ကြိမ် သာ အသုံးပြုနိုင်ပြီး Zapya Transfer Pro အကောင့်မှာဆိုရင် သင်ကြိုက်သလောက်သုံးနိုင်ပါတယ်။
Zapya Transfer Pro ဖြင့် သင်မျှဝေထားသောဖိုင်များကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ပါတယ်။ ဖိုင်များကို စကားဝှက်ဖြင့် ကာကွယ်နိုင်ပြီး ဖိုင်ကူးယူနိုင်သည့်အကြိမ်အရေအတွက်၊ ဖိုင်ရရှိနိုင်သောအချိန်ကာလ တို့ကိုလည်း သတ်မှတ်နိုင်ပါတယ်။ ဤနည်းများဖြင့် သင်၏ privacy ကို ကောင်းမွန်စွာ ကာကွယ်နိုင်ပါတယ်။
ဒါ့အပြင် Zapya Transfer Pro အကောင့်ဖြင့် 10GB အထိရှိဖိုင်များပေးပို့ခြင်း၊ ဇစ် ဖိုင်များ/ဖိုင်တွဲ များကို ပေးပို့ခြင်းနှင့်လက်ခံခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။ ဘာကိုစောင့်နေသေးလဲ? ယနေ့ပဲ Zapya Transfer အခမဲ့ အကောင့် ကို အဆင့် မြှင့်တင်လိုက်ပါ။
ယခုဆိုရင် သင်သည် Zapya Transfer အခမဲ့ အကောင့် မှ Zapya Transfer Pro အကောင့် သို့ တစ်လလျှင် ၁ ဒေါ်လာ (သို့မဟုတ်) တစ်နှစ် ကို ၁၀ ဒေါ်လာနှုန်းဖြင့် အဆင့်မြှင့်နိုင်ပါပြီ။ ဤအထူးကမ်းလှမ်းချက်ဟာဆိုရင် အချိန်တိုလေးသာရရှိ မှာဖြစ်လို့ ကျေးဇူးပြုပြီး မြန်မြန်လေး upgrade လုပ်လိုက်ပါ။ သင်၏အကောင့်ကို Zapya Transfer Pro အကောင့်သို့ အဆင့်မြှင့်ရန် သင်၏ပရိုဖိုင်ပုံ ဘေးရှိ ညာဘက်အပေါ်ထောင့်ရှိ “Upgrade” ကိုနှိပ်ပါ။ ပြီးနောက် သင်စာရင်းသွင်းလိုသည့် subscription plan ကိုရွေးချယ်ပါ။
You may also like
-
Zapya Transfer पर नए वीडियो डाउनलोडर के साथ आसानी से वीडियो डाउनलोड करें*
-
حمّل الفيديوهات بسهولة مع أداة التحميل الجديدة من موقع Zapya Transfer
-
دانلود ویدیوها به راحتی با دانلودر جدید ویدیو در Zapya Transfer
-
زاپیا ٹرانسفر پر نئے ویڈیو ڈاؤن لوڈر کے ساتھ ویڈیوز آسانی سے ڈاؤن لوڈ کریں
-
¡Descarga videos fácilmente con el nuevo descargador de videos de Zapya Transfer!