မိတ်ဆွေတို့ Zapya ၏ နောက်ဆုံးဗားရှင်းအသစ်သို့ အဆင့်မြှင့်တင်လိုက်တဲ့အခါမှာ ဆန်းသစ်သောပုံစံသစ် ၊ ဒီဇိုင်းသစ်များ ကိုတွေ့ရပါလိမ့်မည်။ အိုင်ကွန်အားလုံးကို ကျွန်တော်တို့ မှ ပြန်လည်ဆန်းသစ် ထားပြီး၊ အောက်ခြေအညွှန်း ကိုလည်း အဆင့်မြှင့်ထားပါသည်။ “Files” tab သည် မိတ်ဆွေတို့၏ screen ဘယ်ဘက်အောက်ထောင့်မှာ ရှိတဲ့အတွက် ဖိုင်များကို ပိုမိုမြန်ဆန်စွာရယူနိုင်မှာဖြစ်သည်။
အက်ပလီကေးရှင်း ဗားရှင်းအသစ်တွင် မိတ်ဆွေတို့နှင့် ရင်းနှီးပြီးသား အသုံးများသည့် အဓိက လုပ်ဆောင်ချက်နှင့် ဝန်ဆောင်မှု များကို ယခင်အတိုင်းထည့်သွင်းထားသည့်အပြင် ဒီဇိုင်းပုံစံအသစ်တို့နှင့်အတူ ပိုမိုကောင်းမွန်သော Android support အတွေ့အကြုံ ပေးစွမ်းနိုင်မည့်လုပ်ဆောင်ချက်အသစ်များလည်း ထည့်သွင်းထားသည်။ Zapya သည် scoped storage ကို support လုပ်တဲ့အတွက် Android ဗားရှင်း 11 နှင့်အထက် အသုံးပြုသူများသည် ဖိုင်များကို လုံခြုံစွာပေးပို့၊ လက်ခံ နိုင်ပါသည်။ Android ဗားရှင်း 5 မှ Android ဗားရှင်း 11 အသုံးပြုသူများသည် လည်း Zapya ကို ဆက်လက် သုံးနိုင် မည် ဟု ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာများက အာမခံသည်။
ထို့အပြင် iOS မှ Android သို့ sharing လုပ်ခြင်းကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားပါသည်။ ယခု ဆိုရင် မိတ်ဆွေတို့သည် Android စက်ပေါ်တွင် create လုပ်ထားသော Zapya group တစ်ခုကိုရှာပြီး iOS စက်ပေါ် တွင် click တစ်ချက်နှိပ်ရုံ ဖြင့် ချိတ်ဆက်နိုင်ပါပြီ။ Zapya ရဲ့ ဗားရှင်းအသစ်ကို Android ဖုန်းတွေမှာ Update ပြုလုပ်နိုင်မှာဖြစ်ပြီး iOS ဖုန်းတွေမှာတော့ မကြာခင်အချိန်အတွင်း ရရှိနိုင်မှာဖြစ်လို့ Android ဖုန်း ကိုင်ဆောင်ထားတဲ့ မိတ်ဆွေတို့ Zapya ၏နောက်ဆုံးဗားရှင်း အသစ်ကို အဆင့်မြှင့်ပြီး စမ်းသုံးကြည့်လို့ ရနေပြီ ဆိုတဲ့ သတင်းကောင်းလေးပေးချင်ပါတယ်။
[forminator_poll id=”3425″]
You may also like
-
Zapya 2025: A Year in Review — Thank You for Being Part of Our Journey
-
Zapya နှင့်အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်း။
-
2024 နှစ် သုံးသပ်ချက် – Dewmobile Inc. ၏ Family of Apps မှ ပေါ်လွင်ချက်များ
-
To our incredible Zapya users,
-
Zapya WebShare ဖြင့် ဖိုင်များကို ချောမွေ့စွာ မျှဝေလိုက်ကြစို့ – သင်၏ ဖိုင်လွှဲပြောင်းမှု လိုအပ်ချက်အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းချက်။
