Warning: sprintf(): Too few arguments in /www/wwwroot/default/wp-content/themes/elegant-magazine/lib/breadcrumbs/breadcrumbs.php on line 254

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများနှင့်တက္ကသိုလ်များ စတင်ဖွင့်လှစ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများသည် ယနေ့ ဇွန် ၂ ရက်တွင် ကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့ ဇွန် ၂ ရက်တွင်ပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းအခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားသော်လည်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်ခြင်းကို ဆက်လက်၍ လက်ခံပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ၊ ကောလိပ်များ ဇွန်လ၁ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကာ ပထမနေ့တွင် ဘာသာရပ်အလိုက်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်မှုများပြားကြောင်းသိရသည်။

MT News က သွားရောက်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင်လည်း ဇွန်လ ၁ ရက်တွင် ကျောင်းသား၊ ကျောင်းသူများဖြင့် စတင်အသက်ဝင်နေပြီဖြစ်သည်။

“ဒီနှစ်က မနှစ်ကထက် ကျောင်းအပ်တဲ့သူများသလို တက်တဲ့သူလည်းများမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသူ ကထိကတစ်ဦးက ပြောသည်။

ကျောင်းသားများအားလုံး ပျော်ပျော်ရွင်ရွင် ကျောင်းတက်နိုင်ရန် Zapya မှဆုမွန်တောင်းပေးလိုက်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *