Happy Waso Full Moon Festival!

မင်္ဂလာပါ Zapya Users သို့
🙏🌹🙏🌹🙏🌹
🙏 ဝါဆိုလပြည့်  ဓမ္မစကြာအခါတော်နေ့  🙏

“ ဝါဆိုလပြည့်နေ့ “ ၏ ထူးခြားချက်များ
*************************************

မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် 
ဝါဆိုလပြည့်နေ့သည် -🌹

၁။ ဂေါတမဘုရားလောင်း  ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၂။ ဂေါတမဘုရားလောင်း  တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၃။ ဂေါတမမြတ်စွာဘုရား  ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹 ဟူ၍ဖြစ်ပါသည်။

#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့

Leave a Reply

Your email address will not be published. Required fields are marked *