Zapya PC ၏ တိုးတက်မှု နှင့် အင်္ဂါရပ်အသစ်ကို မိတ်ဆက်ပေးခြင်း

မိတ်ဆွေတို့တောင်းဆိုထားသည့်အတိုင်း ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါပြီ။ Zapya PC နောက်ဆုံးထွက်ထားသောဗားရှင်းသို့ update လုပ်ပြီးလျှင်  ကြော်ငြာများမပါတော့သည်ကို  တွေ့ရပါမည်။ ယခုဆိုလျှင် မိတ်ဆွေတို့သည် ကြော်ငြာ အနှောင့်အယှက် မရှိပဲ ကွန်ပျူတာမှဖိုင်များကို အခြားစက်ကိရိယာထဲသို့ မျှဝေနိုင်ပါပြီ။

 

Zapya PC ၏ နောက်ဆုံးဗားရှင်းတွင် ကြော်ငြာများကို ဖယ်ရှားထားသည့်အပြင် အွန်လိုင်းမှ ဖိုင်များမျှဝေနိုင်သော အင်္ဂါရပ်အသစ်တစ်ခုလည်း ပါဝင်ပါသည်။ ဖိုင်များကိုလုံခြုံစွာ မျှဝေပြောင်းရွှေ့နိုင်ရန် Zapya PC အက်ပလီကေးရှင်းမှ Zapya Transfer ကိုလည်း ဝင်ရောက်အသုံးပြုနိုင်ပါသည်။ Zapya Transfer ကို သုံးပြီး ဖိုင်များကို မျှဝေရာတွင် အင်တာနက်ချိတ်ဆက်ထားသော မည်သူကိုမဆို ဝေမျှနိုင်ပါသည်။

 

မိတ်ဆွေတို့ နှစ်သက်သောအင်္ဂါရပ်များအားလုံးကို Zapya PC ၏ နောက်ဆုံးထွက်ဗားရှင်းတွင် တိုးမြှင့် လုပ်ဆောင်ထားပါသည်။ Zapya PC ဖြင့် ဖိုင်တွဲတစ်ခုလုံးကို လွှဲပြောင်းသောအခါ ဖိုင်ဆိုဒ်ကြီးများကို upload လုပ်ရာတွင်လည်း ယခင်ထက် မြန်ဆန်အောင် လုပ်ဆောင်ထားသည်။

 

ယနေ့ပဲ Zapya PC နောက်ဆုံးထွက်ဗားရှင်းသို့ update လုပ်လိုက်ကြပါစို့။

 

နောက်ဆုံးထွက် Zapya PC ဗားရှင်းကို ကျွန်တော်တို့၏ တရားဝင် ဝက်ဘ်ဆိုက်မှ အခမဲ့ ရယူနိုင်ပါပြီ။

https://zapya.app/v3/download

Leave a Reply

Your email address will not be published. Required fields are marked *