အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုကျင်းပကြပါစို့။

ကုလသမဂ္ဂနှင့်ကမ္ဘာတဝှမ်းရှိနိုင်ငံများသည် မတ်လ(၈)ရက်နေ့တိုင်းတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကို ကျင်းပကြသည်။  ဤသည်မှာ ယနေ့ခေတ်လူများ၏ဘ၀တွင် ပုံသွင်းပေး၊ ကူညီပေးခဲ့သော အမျိုးသမီးများအားလုံးကို အသိအမှတ်ပြုရန် ကျွန်တော်တို့အားလုံးအတွက် သတိပေးချက်တစ်ခုဖြစ်သည်။ မိန်းကလေးများနှင့် အမျိုးသမီးများအားလုံး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်မည်ဟု ကျွန်တော်တို့မျှော်လင့်ပါသည်။

ကျား၊ မ တန်းတူညီမျှမှု နှင့်အမျိုးသမီးများ၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ထားသော ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် UN Women သည် နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် မတူညီသောအကြောင်းအရာများနှင့် ဆောင်ပုဒ် သတ်မှတ်လေ့ရှိသည်။ ကမ္ဘာအနှံ့အပြားတွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းသိမ်းရန် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများ ကြိုးစားလုပ်ဆောင် သမျှကို ဂုဏ်ပြုသော အားဖြင့် ဤနှစ်၏ဆောင်ပုဒ်အား “ခေါင်းဆောင်မှုအမျိုးသမီးများ COVID-19 ကမ္ဘာကြီးတွင်တန်းတူအနာဂတ်ရရှိရေး” ဟုသတ်မှတ်ထားပါသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ တရားဝင်ဝက်ဘ်ဆိုက်မှ နှစ်စဉ်နှစ်တိုင်းဤနေ့အတွက် campaign တစ်ခုကိုလည်း သတ်မှတ်ထားသည်။၂၀၂၁ ခုနစ်တွင် #ChooseToChallenge ကိုအဓိကအဖြစ်ရွေးချယ်ခဲ့သည်။ ၎င်းတို့သည် အားလုံးပါဝင်နိုင်သည့် ကမ္ဘာကြီးကိုဖန်တီးရန် လူတွေကို ကြိုးစားအားထုတ်ရန် လှုံ့ဆော်ချင်သည်။ ကျွန်တော်တို့၏ နေ့စဉ် ဘ၀ရှိ မညီမျှမှုများကို ထုတ်ဖော်ပြောဆိုရန် စိန်ခေါ်မှုကို ရွေးချယ်ထားကြောင်း လက်မြှောက်ခြင်းဖြင့် မိတ်ဆွေတို့၏ ထောက်ခံမှုနှင့်စည်းလုံးညီညွတ်မှုကိုပြသရန် ကျွန်တော်တို့ တိုက်တွန်းပါသည်။ ဤဓာတ်ပုံကို မိတ်ဆွေ ကြိုက်နှစ်သက်သော လူမှုကွန်ယက် မီဒီယာဆိုဒ်(သို့) မိတ်ဆွေ၏ Zapya Go Moments တွင် #ChooseToChallenge နှင့် #IWD2021 တို့ကို hashtag များဖြင့်တင်ပါ။

ကျွန်တော်တို့အားလုံးစိန်ခေါ်မှုကိုရွေးချယ်ကြပါစို့။

Leave a Reply

Your email address will not be published. Required fields are marked *