Social Media သည် ထိုက်တန်မှုရှိပါသလား။

နောက်ဆုံးပေါ် Facebook အချက်အလက်ချိုးဖောက်မှုနှင့်အတူ ကမ္ဘာတစ်ဝှမ်းမှ Facebook အသုံးပြုသူ ဘီလီယံတစ်ဝက်ကျော်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များသည် ခိုးယူခံရပါသည်။ Hacker များသည် Facebook user များ၏ အမည်များ၊ တည်နေရာများ၊ မွေးနေ့များ၊ ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများ ပါ၀င်သော အချက်အလက် များကို ရယူနိုင်ခဲ့သည်။ လိမ်လည်သူများသည် ဤအချက်အလက်များကိုသုံးပြီး Facebook user များကို အန္တရာယ်ရှိသော စာသားနှင့် အီးမေးလ်မက်ဆေ့ခ်ျ များကို ပို့ပြီး user များ၏ အထောက်အထားများကို ခိုးယူရန် ကြိုးစားကြသည်။  Social Media အကောင့်တစ်ခုရှိခြင်းသည် ကျွန်တော်တို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ခိုးယူခံရခြင်းအန္တရာယ် နှင့်ထိုက်တန်မှုရှိပါသလား။

ဤမေးခွန်း၏အဖြေသည် အလွန်ရှုပ်ထွေးပြီး Social Media အသုံးပြုခြင်း၏ရည်ရွယ်ချက်ပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် နောက်ဆုံးပေါ်သတင်းများနှင့်အမီလိုက်နိုင်ရန် Social Media ကိုအသုံးပြုနေပါက အခြား ဝက်ဘ်ဆိုက် များကိုသုံးနိုင်ပါသည်။ အကယ်၍ သင်သည် မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အသွယ်ပြုရန် Social Media ကိုအသုံးပြုပါက အခြားနည်းလမ်းများမှာ လူမှုမီဒီယာကဲ့သို့အဆင်ပြေသည်မဟုတ်ပါ။

သင်သည် လူမှုမီဒီယာကို စွန့်စားရကျိုးနပ်သည်ဟုထင်မြင်သည်ဖြစ်စေ၊ သင်၏သတင်းအချက်အလက်ကိုရယူဖို့ ခက်ခဲရန် သင်လုပ်နိုင်သည့်အရာများစွာရှိပါသည်။ သင်လုပ်နိုင်သည့်အရာတစ်ခုမှာ အွန်လိုင်းပေါ်မျှဝေထားသော အချက်အလက်များကို ပိုမိုအာရုံစိုက်ရန်ဖြစ်သည်။ သင်၏ကိုယ်ရေးအချက်အလက် ( ဥပမာ-အိမ်လိပ်စာ၊ မွေးသက္ကရာဇ် နှင့် နာမည်အပြည့်အစုံ) သည် သင်၏အထောက်အထားများကို ခိုးယူပြီး အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။ လူမှုမီဒီယာ အကောင့်များအားလုံးတွင် two factor authentication ကို စစ်ဆေးပါ။ သို့မဟုတ် Facebook ကဲ့သို့ အများပြည်သူသုံး လူမှုကွန်ယက်များကို အသုံးပြုခြင်းမှ Zapya Go ကဲ့သို့သော ပုဂ္ဂလိကလူမှုကွန်ယက်များသို့ကူးပြောင်းသုံးနိုင်ပါသည်။

ပုဂ္ဂလိကလူမှုရေးကွန်ယက်များတွင် သင်၏သတင်းအချက်အလက်ကို အများဆိုင် forum တွင် မျှဝေခြင်းထက် သင်မျှဝေလိုသူများကိုသာမျှဝေသည်။ ဆိုလိုသည်မှာ သင်၏သတင်းအချက်အလက်များကို ဘယ်သူတွေကြည့်နိုင်မလဲ၊ ဘယ်အချိန်မှာကြည့်နိုင်မလဲ တို့ကို သင်တစ်ဦးတည်း ထိန်းချုပ်နိုင်သည်။ အချို့သော ပုဂ္ဂလိကလူမှုရေးကွန်ယက်များသည် သင်၏အချက်အလက်များကို log in လုပ်ရန်မလိုဘဲ သင်၏ဒေတာများကို ကာကွယ်ရန် ကြိုးစားနေပါသည်။ ဥပမာ – Zapya Go တွင် သင်၏အကောင့်သည် သင်၏စက်ကိရိယာနှင့် တိုက်ရိုက်ဆက်နွယ်သည်။ ဆိုလိုသည်မှာ အကောင့်တစ်ခုဖွင့်ရန် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များပေးခြင်း၊ အခြားလူမှုမီဒီယာနှင့် ချိတ်ဆက်ခြင်းများ မလိုအပ်ပါ။

လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း Social Media ကိုတီထွင်ခဲ့သောကြောင့် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံပုံ နှင့်မျှဝေပုံများ သိသိသာသာပြောင်းလဲသွားခဲ့သည့်အတွက် ကျွန်တော်တို့အား အချို့အရာများ အွန်လိုင်း တွင်မျှဝေခြင်းမပြုရန် ကိုမေ့လွယ်စေပါသည်။ ကျွန်တော်တို့အားလုံးသည် ကျွန်တော်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို ကာကွယ်ရမည်။ ဤအချက်သည် လွန်စွာ အရေးကြီးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *