သင့်ဖုန်းကို အမြန်နှုန်းမြှင့်ရန် အချိန်တန်ပါပြီ။

ဖိုင်အပိုများ များနေခြင်းသည် သင်၏ဖုန်းကိုနှေးကွေးစေသည် ကိုသင်သိပါသလား။ ကျွန်တော်တို့ဖုန်းတွင် သိမ်း ဆည်းထားသောဓာတ်ပုံများ၊ အသံများ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများ၊ အက်ပ်များနှင့် APK များ အားလုံးသည် စက်၏ မှတ်ဉာဏ်တွင် နေရာယူထားပြီး အပြောင်းအလဲယူနစ်၏ အမြန်နှုန်းကိုလျှော့ချပါလိမ့်မည်။ သင့်ဖုန်းမှ အလွန်အမင်းလိုအပ် နေသည့် အမြန်နှုန်းကိုမြှင့်ရန် ဖုန်း၏ storage ရှင်းလင်းခြင်းက ကူညီနိုင်သည်။

ဖုန်း၏ storage ရှင်းလင်းခြင်းကို အချိန်အကြာကြီးပေးပြီး လုပ်ရမည်ဟု ထင်ကောင်းထင်လိမ့်မည်။ တကယ်တော့ မဟုတ်ပါဘူး။ အကယ်၍ သင်သည် Android စက်ကိုအသုံးပြုနေပါက FileZ ကိုသာ ဒေါင်းလုပ်ဆွဲလိုက်ပါ။  FileZ သည် သင်၏စက်ထဲရှိ အကြောင်းအရာများအားလုံးကို တစ်နေရာတည်းတွင်လွယ်ကူစွာစုစည်းရန် နှင့် စီမံခန့်ခွဲရန် ကူညီပေးသည်။  သင်၏ စက်ကိုနှေးကွေးစေမည့် ဖိုင်ဆိုဒ်ကြီးများကို လျင်မြန်စွာခွဲခြားသတ်မှတ်နိုင်ရန် Storage ရှင်းလင်းခြင်း အင်္ဂါရပ်ကို အသုံးပြုပါ။ ထို့နောက် စာရင်းမှတဆင့် သင်မလိုအပ်တော့သည့်ဖိုင်များ ကိုသာဖျက်ရန် လိုအပ်သည်။

သင်သည် iOS စက်ကို အသုံးပြုနေပါက သင့်စက်၏  storage နေရာအများစုယူထားသော အကြောင်းအရာကို ကြည့်ရန် Settings>General>iPhone Storage သို့သွားပါ။ “Offload Unused Apps” အင်္ဂါရပ်ကိုဖွင့်ပြီး အသုံးမပြုသည့် အက်ပ်များကို အလိုအလျောက်ဖျက်နိုင်သည်။ သင်၏စက်သည် သင်မကြာခဏမသုံးသော အက်ပလီကေးရှင်းများကို ခွဲခြား မှတ်ထားပြီး storage နေရာမကျန်ရှိတော့သည့်အခါ ၎င်းတို့ကိုဖျက်ပစ်လိမ့်မည်။ ဤလုပ်ဆောင်ချက်သည် သင်၏အက်ပလီ ကေးရှင်းများနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ(သို့မဟုတ်)အချက်အလက်များကို ဖျက်မပစ်ပဲ အခြားနေရာများတွင် သိမ်းဆည်းထားလိမ့်မည်။ “Offload Unused Apps” ကိုဖွင့်ထားခြင်းအပြင် “Recommendations” အပိုင်း ကိုလည်း ကြည့်ရှုနိုင်ပြီး သင့်လိုအပ်ချက်နှင့် လိုက်ဖက်သည့်အရာကို follow လုပ်နိုင်သည်။

သင့်ဖုန်း၏ storage ရှင်းလင်းခြင်းအတွက် အချိန်ဆွဲနေခြင်းကို ရပ်တန့်လိုက်ပါ။ FileZ နှင့် iPhone Storage “Recommendations” အပိုင်းကိုသုံးပြီး storage နေရာလွတ်များကို လွယ်ကူစွာရနိုင်သည်။ ဖုန်း၏ storage ရှင်းလင်း ခြင်းဖြင့် သင့်ဖုန်း၏ အမြန်နှုန်းကို အခုပဲ မြှင့်တင်လိုက်ပါ။

 

Download FileZ now: https://play.google.com/store/apps/details?id=com.dewmobile.kuaiya.filez&hl=en_US&gl=US

 

2 thoughts on “သင့်ဖုန်းကို အမြန်နှုန်းမြှင့်ရန် အချိန်တန်ပါပြီ။

  1. ဟူတ်ငဲ့ အမြန်နူန်းုမငိ့တင်ပါမယ်ရှင့်

Leave a Reply

Your email address will not be published. Required fields are marked *