MyDearest တွင်အကောင့်တစ်ခုဖွင့်နည်း

MyDearest တွင်အကောင့်တစ်ခုဖွင့်လိုက်သည်နှင့် သင်သည် သင်၏မိသားစုဝင်များနှင့် အဆက်အသွယ်ပြုရန် နည်းလမ်းသစ်တစ်ခုကို ပထမဆုံးခြေလှမ်းလှမ်းလိုက်ခြင်းဖြစ်သည်။ MyDearest သည် သင့်အား မိသားစုဝင်များ၏ real-time location ကိုကြည့်ရှုရန်၊ group calendar တွင် ဖြစ်ပေါ်လာနိုင်သည့်ဖြစ်ရပ်များကို ခြေရာခံလိုက်နိုင်ရန်၊ လုံခြုံသော group chat တွင်စကားပြောရန် နှင့် အခြားအရာများကိုလည်းခွင့်ပြုထားသည်။ MyDearest  ဘယ်လိုစတင်သုံးစွဲရမည် ကို လေ့လာရန် ဆက်လက်ဖတ်ရှုပေးပါဦး။

MyDearest တွင်အကောင့်တစ်ခုဖွင့်ရန် –

၁။ အက်ပလီကေးရှင်းကို Google Play Store ၊  Apple App Store (သို့မဟုတ်) https://zapya.app/v3/download  မှ ဒေါင်းလုပ်ဆွဲပါ။

၂။ အက်ပလီကေးရှင်းကိုဖွင့်ပြီး “Mobile Login” ကိုနှိပ်ပါ။

၃။ Form ထဲတွင် လိုအပ်သောကွက်လပ်များကို ဖြည့်စွက်ပါ။

၄။ Login ကုဒ်ကိုရယူပြီး “Login/Register” ကိုနှိပ်ပါ။

၅။ သင်၏အခန်းကဏ္ဍကို ရွေးချယ်ပါ။ သင်သည် မိဘ/အုပ်ထိန်းသူ (သို့မဟုတ်) ကလေး လား။

သင်၏အကောင့်ကိုဖွင့်ပြီးသည်နှင့်တပြိုင်နက်၊ သင်၏မိသားစု၀င်များကို ထည့်နိုင်ပါပြီ။

 

အကယ်၍ သင်သည်ကလေးတစ်ယောက် ဖြစ်ပါက မိသားစုဝင်များကို အောက်ပါနည်းလမ်းများဖြင့်ပေါင်းထည့်နိုင်သည် –

၁။ Home screen ရှိ “Add Member” ခလုတ်ကိုနှိပ်ပါ။

၂။ သင်၏မိဘ(သို့မဟုတ်)အုပ်ထိန်းသူမှ သင့်ဖန်သားပြင်ပေါ်ရှိ QR ကုဒ်ကိုစကင်ဖတ်ပါ။

 

အကယ်၍ သင်သည်မိဘတစ်ဦး ဖြစ်ပါက မိသားစု၀င်များကို အောက်ပါနည်းလမ်းများဖြင့်ပေါင်းထည့်နိုင်သည် –

၁။ Home screen ရှိ “Add Member” ခလုတ်ကိုနှိပ်ပါ။

၂။ သင့်ကလေး၏ ဖန်သားပြင်ပေါ်ရှိ QR ကုဒ်ကို စကင်ဖတ်ပါ။

၃။ သင်၏ မိသားစု အချက်အလက်များကို ရိုက်ထည့်ပါ။

၄။  “Confirm” ကိုနှိပ်ပါ။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *