Android အတွက်အကောင်းဆုံး အောဖ်လိုင်းတေးဂီတဖွင့် Application

တေးသီချင်းများကို လိုင်းဖွင့်ပြီးနားထောင်ခြင်းကို သင်ငြီးငွေ့နေလား?  လိုင်းဖွင့်သီးချင်းနားထောင်ခြင်းက သင်၏မိုဘိုင်း‌‌ဒေတာကိုပိုမိုကုန်ကျစေပါသည်။  ဒစ်ဂျစ်တယ်သီချင်းများကို မူပိုင်ခွင့်ရှိထားသူတစ်ဦး အနေဖြင့် အောဖ်လိုင်းတေးဂီတဖွင့် Application သည်ပို၍သင့်လျှော်မည် ဖြစ်ပါသည်။

အကဲ၍သင်သည် သီချင်းများကို လိုင်းဖွင့်နားထောင်ခြင်းကို မနှစ်သက်သူတစ်ဦးဖြစ်လျှင် Android အတွက် အောဖ်လိုင်းတေးဂီတဖွင့် Application များစွာရှိပါသည်။  အောက်ဖော်ပြထားသော Applicationများသည် Android အတွက်အကောင်းဆုံး အောဖ်လိုင်းတေးဂီတဖွင့် Application များဖြစ်ပါသည်။

  • Zapya
  • Google Play Music
  • AIMP
  • Music Player
  • Shazam

 

Zapya:

အင်တာနက်လိုင်းမသုံးပဲ ဖိုင်မျှဝေခြင်းနှင့် တေးသီချင်းများနားထောင်ရန် Zapya သည်အကောင်းဆုံး Application ဖြစ်ပါသည်။  စိတ်ကြိုက်သီချင်းများကိုအကန့်သတ်မရှိ နားထောင်နိုင်သည့်  အပြင် အခြားတစ်‌ယောက်‌နှင့်လည်း မျှ‌ဝေနိုင်ပါသည်။

Android, IOS, Windows, Mac OS ကိုသုံးစွဲနေသူများသည် Zapya ၏ file-sharing features နှင့်သာ ပိုမိုရင်းနှီး အသုံးပြုနေသူများဖြစ်ကြသည်။ သို့သော် Zapya Application တွင် file-sharing features အပြင် အခြားအသုံးပြုနိုင်သော features များပါဝင်ကျန်ရှိနေပါသည်။

Download now

Download Now

 

Google Play Music:

Android ၏ မူရင်း music player သည်တေးသီချင်းများကို အောဖ်လိုင်းအခမဲ့နားထောင်ခြင်းကို နှစ်သက်သူများအတွက် အကောင်းဆုံး ရွေးချယ်မူ တစ်ခုဖြစ်သည့်အပြင် သင်၏ device တွင်save ထားသော အသံဖိုင်အားလုံးကို အလွယ်တကူဖွင့်နိုင်ပါသည်။

 

AIMP

သင်သည်တေးသီချင်းများကို ပြုပြင်မွန်းမံသော ဂီတဖန်တီးရှင်တစ်ဦးဆိုလျှင် AIMP သည်သင့်အတွက်မှန်ကန်သော ရွေးချယ်မူတစ်ခုဖြစ်လိမ့်မည်။ သင်၏ device တွင်ဒေါင်းလုဒ်လုပ်ထားသော သီးချင်းများကို MP3, OGG, WMA နှင့်အခြားသော ဖော်မတ်များစွာဖြင့် ဖွင့်နိုင်ပါသည်။ AIMP သည် တေးသီးချင်းများကို နည်းလမ်းများစွာဖြင့် နားထောင်နိုင်သော 29-frequency equalizer ပါရှိပါသည်။

 

Music Player

Music Player သည် အသုံးပြုရလွယ်ကူသော အင်တာဖေ့စ်ဖြင့် ကောင်းမွန်သောနားဆင်မူ အတွေ့ကြုံကို ဖန်တီးနိုင်သော အကောင်းဆုံး ဂီတပလေယာထဲမှ တစ်ခုဖြစ်ပါသည်။ Music Player တွင် built-in equalizer ပါရှိခြင်းကြောင့် သီချင်းများကို MP3, MIDI, WAV, FLAC, AAC, APE နှင့်အခြားဖော်မတ်များနှင့်ဖွင့်နိုင်စေပါသည်။ ထို့ပြင် ဤအက်ပ်သည် သင့်ကို ဝစ်ဂျက်များ၊ အိပ်ချိန်timerနှင့် အချက်အလက်များကိုရှာဖွေနိုင်သော function များကိုပေးဆောင်ပါသည်။

 

Shazam

Apple ဂေဟစနစ်ရှိ ရှေးအကျဆုံးနှင့် ရေပန်းအစားဆုံးအက်ပ်များထဲမှ တစ်ခုဖြစ်သော Shazam

သည် အခြားအက်ပ်ကဲ့သို့ တေးဂီတဖွင့် အက်ပ်မဟုတ် သော်လည်း ထူးခြားသောfunctionကြောင့် အလွယ်တကူ ခွဲခြားနိုင်သော အက်ပ်တစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် သင်သည် ဘားတစ်ခုတွင်ရှိနေ၍ သင်နှစ်သက်သော သီချင်းကို စတင်တီးခတ်နေသော်လည်း သင်သည် ၎င်း၏အမည် သို့မဟုတ်အနုပညာရှင်အမည်ကိုပင် သတိမရတော့သည့်အဖြစ်မျိုးမြင်ယောင်ကြည့်ပါ။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *