ယနေ့ခေတ်တွင် များစွာသော မက်ဆေ့ချ်ပို့အပ်စ်များသည် ကျွန်ုပ်တို့နေ့ထိုင်ရာဘဝကို စီမံခန့်ခွဲရာတွင် များစွာအထောက်အပံ့ပြုပါသည်။ အင်တာနက်၏ကျေးဇူးကြောင့် မက်ဆေ့ချ်များကို စက္ကန့် အတွင်း ပို့ဆောင်၍ရနေပါသည်။ သို့သော် အင်တာနက်ရရန် အခက်ခဲဖြစ်နေခဲ့လျှင် ဥပမာ အဝေးတစ်နေနေရာရောက်နေခြင်း၊ ပြည်ပတို့ခရီးသွားနေခြင်း၊ သသာဝဘေးအန္တရာယ်၊ အင်တာနက်ဖြတ်တောက်ခံရခြင်း စသည့်ဖြစ်စဥ်မျိုး ကြုံတွေ့ခဲ့ရသောအခါတွင် မက်ဆေ့ချ်များကို ဘယ်လိုပို့ဆောင်နိုင်ပါသလဲ ?
ဤခဲ့သို့သောအခြေနေမျိုးကြောင့် အော့ဖ်လိုင်း မက်ဆေ့ချ်ပို့ APP များလိုအပ်လာပါသည်။ အောက်ဖော်ပြပါ မက်ဆေ့ချ်ပို့ APP များသည်မည်သည့် အင်တာနက်လိုင်းမှမလိုပဲ မက်ဆေ့ချ်များကို ပို့ဆောင်၍ရနေပါသည်။
Zapya
Zapya သည်ဖိုင်မျှဝေလို့ရသော အပလီကေးရှင်းတစ်ခုဖြစ်သည့်အပြင် အောဖ့်လိုင်း မက်ဆေ့ချ်ပို့ရာတွင်လည်း အလွန်အဆင်ပြေသော အပလီကေးရှင်းတစ်ခုဖြစ်ပါသည်။ WIFIသို့မဟုတ် ဆယ်လူလာဒေတာကို အသုံးပြုရန်မလိုပဲ အနီးနားရှိသူငယ်ချင်းများကို စာတိုပေးပို့နိုင်ပါသည်။ အော့ဖ်လိုင်း မက်ဆေ့ချ်ပို့ဆောင်ခြင်းသည် အင်တာနက်ပေါ်တွင် မျှဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်းမရှိသောကြောင့် လုံးဝလုံခြုံစိတ်ချရပါသည်။ ချိတ်ဆက်မူဖြုတ်လိုက်သည်နှင့် ချတ်မှတ်တမ်း သည်လုံးဝပျောက်သွားပြီး ပြန်လည်ရယူ၍မရပါ။
Briar
Briar သည် Android အတွက် လုံခြုံစိတ်ချစွာ စာတိုပေးပို့နိုင်သော အော့ဖ်လိုင်း မက်ဆေ့ချ်ပို့ အက်ပ်တစ်ခုဖြစ်ပါသည်။ ၎င်းသည် အင်တာနက်မှတစ်ဆင့် ချတ်လုပ်နိုင်ပြီး လိုအပ်သည့်အခါတွင် Bluetooth ဖြင့်စာတိုပေးပို့နိုင်သော အက်ပ်တစ်ခုဖြစ်ပါသည်။ Briarတွင် ဗဟိုဆာဗာအယူအဆမရှိပါ။ မက်ဆေ့ချ်များကို Briar အက်ပ်ဖြင့် သုံးစွဲသူတို့၏မိုဘိုင်းများကြားတွင် တိုက်ရိုက် စင့်ခ်လုပ်ထားပါသည်။
Firechat
Firechat သည် ဆန်းသစ်သော Andorid အော့ဖ်လိုင်းမက်ဆေ့ချ်ပို့ APPတစ်ခုဖြစ်ပါသည်။ ဤအက်ပ်သည် ဒေတာပို့လွှတ်ရန်နှင့် mesh ကိုတည်ထောင်ရန်Bluetooth နှင့် peer-to-peer Wifi ကိုအသုံးပြုသည်။ Firechat သည် အချက်ပြသတင်းကို စက်တစ်ခုမှတစ်ခု လက်ခံသူထံရောက်ရှိသည်အထိ လုပ်ဆောင်ပေးသောကြောင့် လူအုပ်စုကြီးများဖြစ်သော ကျောင်းပရိဝုဏ်နှင့် အများသူငှာသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန်အဆင်ပြေပါသည်။
Bridgefy
Bridgefy သည် အင်တာနက်ချိတ်ဆက်မူမရှိပဲ အခြားသူများနှင့် ကုဒ်ဝှက်ထားသော စာတိုများကို ဆက်သွယ်နိုင်စေမည့် နာမည်ကြီးအော့ဖ်လိုင်း မက်ဆေ့ချ်ပို့ ပရိုဂရမ်တစ်ခုဖြစ်သည်။ ဤအပ်ပလီကေးရှင်းသည် စာတိုပေးပို့ခြင်း၊ အသံလွှင့်ခြင်းနှင့် Meshမုဒ်ဟူသောလုပ်ဆောင်မူ သုံးခုကိုအဓိကဝန်ဆောင်မူပေးပါသည်။
Signal Offline Messenger
Signal Offline Messenger သည် ထိပ်တန်းအောဖ့်လိုင်း စာတိုပေးပို့ခြင်းအက်ပ်တစ်ခုဖြစ်ပါသည်။ ၎င်းအက်ပ်သည် Direct ကွန်ယက်ကိုအသုံးပြု၍ မီတာ100 အကွာဝေးအတွင်း အချင်းချင်းမက်ဆေ့ချ်ပို့နိုင်ပါသည်။ မက်ဆေ့ချ်၊ ဓာတ်ပုံနှင့်ဗီဒီယိုများကို လုံခြုံစိတ်ချစွာ ပေးပို့နိုင်ပါသည်။ ဤအက်ပ်ကို Android တွင်သာအသုံးပြုနိုင်ပါသည်။
You may also like
-
Zapya 2025: A Year in Review — Thank You for Being Part of Our Journey
-
Zapya နှင့်အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်း။
-
2024 နှစ် သုံးသပ်ချက် – Dewmobile Inc. ၏ Family of Apps မှ ပေါ်လွင်ချက်များ
-
To our incredible Zapya users,
-
Zapya WebShare ဖြင့် ဖိုင်များကို ချောမွေ့စွာ မျှဝေလိုက်ကြစို့ – သင်၏ ဖိုင်လွှဲပြောင်းမှု လိုအပ်ချက်အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းချက်။
