လူကြီးမင်းတို့ရဲ့ privacy ကအရေးကြီးပါတယ်။ အခြားသူနဲ့ shareရာမှာလည်း လူကြီးမင်းထံတွင်ဆုံးဖြတ်ချက်ရှိပါတယ်။လူကြီးမင်းသည် applicationများဝင်ရောက်ခွင့်ပြုမှုကိုလည်းထိန်းချုပ်နိုင်သည်။ Zapya ကိုအသုံးပြုသောအခါခွင့်ပြုချက်အချို့ကိုဘာကြောင့်တောင်းဆိုရတာလဲဆိုတာကိုနားလည်ရန်ဤဆောင်းပါးကိုကျွန်ုပ်တို့ဖန်တီးထားသည်။ ပိုမိုလေ့လာရန်ဆက်လက်ဖတ်ရှုပေးပါဦး။
လူကြီးမင်းတို့ထံမှ ခွင့်ပြုချက်များ တောင်းခံရန် ကျွန်တော်တို့က သင့်လျော်တဲ့လမ်းကြောင်းများကို သုံးထားပါတယ်။၎င်းတို့ Zapya တွင်ပါဝင်ရန် Google Playနဲ့ Apple မှခွင့်ပြုချက်ရပြီးဖြစ်ပါတယ်။သူတို့ရဲ့ခွင့်ပြုချက်မရှိပါက Zapya သည် သူတို့၏ storeများ၌ မရနိုင်ပါ။ လူကြီးမင်းတို့အောက်တွင်ပါရှိသော လင့်ကိုကြည့်ခြင်းဖြင့် ကျွန်တော်တို့လုပ်ငန်းစဉ်အကြောင်းပိုမိုလေ့လာနိုင်ပါတယ်။
https://support.google.com/googleplay/android-developer/answer/9214102?hl=en
https://developer.apple.com/documentation/uikit/protecting_the_user_s_privacy/requesting_access_to_protected_resources.
ဖိုင်မျှဝေခြင်းသည် Zapya ၏အဓိကလုပ်ဆောင်နိုင်စွမ်းဖြစ်သည်။ ကျွန်ုပ်တို့တောင်းခံသည့်ခွင့်ပြုချက်အားလုံးသည် အဓိကလုပ်ဆောင်နိုင်စွမ်းနှင့် Zapya တွင်ရနိုင်သောအခြားအင်္ဂါရပ်များနှင့်တိုက်ရိုက်သက်ဆိုင်သည်။ Zapya ခွင့်ပြုချက်တောင်းဆိုမှုများကို အောက်တွင် အက္ခရာစဉ်အတိုင်းဖော်ပြထားပြီး ၎င်းတို့တစ်ခုချင်းစီကိုဘာကြောင့်လိုအပ်သည်ကိုရှင်းလင်းချက်များပေးထားပါသည်။
Bluetooth
ဆက်သွယ်မှုတစ်ခုဖန်တီးခြင်းနှင့်ဒေတာများကိုလွှဲပြောင်းခြင်း စသောမည်သည့်Bluetooth ဆက်သွယ်မှုကိုမဆိုလုပ်ဆောင်ရန်ဤခွင့်ပြုချက်လိုအပ်သည်။ Android application တစ်ခုသည် Bluetooth နှင့်သက်ဆိုင်သောအင်္ဂါရပ်များကိုအသုံးပြုပါက စက်၏တိကျသောတည်နေရာကိုရယူဖို့ ခွင့်ပြုချက်တောင်းရန်လိုအပ်သည်။ အခြား Bluetooth deviceများကိုရှာဖွေရန်နှင့်အသိအမှတ်ပြုရန် Bluetooth သည်တည်နေရာအတိအကျကိုအသုံးပြုသည်။ အနီးအနားရှိစက်ကိရိယာများကိုသင်ရှာဖွေနိုင်ရန်အတွက် Zapya တွင်ဤခွင့်ပြုချက်ပေးရန် Google OS နှင့် iOS မှကျွန်ုပ်တို့လိုအပ်သည်။
Call Log
ခေါ်ဆိုမှုမှတ်တမ်းခွင့်ပြုချက်သည်သင်၏ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို deviceအမျိုးမျိုးမှတစ်ပြိုင်တည်းချိန်ကိုက်ရန်ခွင့်ပြုသည်။ Zapya တွင်ဤအထိခိုက်မခံသောခွင့်ပြုချက်ထည့်သွင်းရန် Google Play Store မှခွင့်ပြုချက်ရှိသည်။ သုံးစွဲသူများသည်ကျွန်ုပ်တို့၏ဖုန်းပွားခြင်းအင်္ဂါရပ်ကိုသုံးနိုင်ပါတယ်။ ကျွန်ုပ်တို့၏ဖုန်းပွားအင်္ဂါရပ်က သင့်စက်ဟောင်းမှာပါတဲ့အကြောင်းအရာကို စက်သစ်ထဲသို့လွှဲပြောင်းရန်ခွင့်ပြုသည်။ သင်သည် ဖုန်းပွားအင်္ဂါရပ်ကိုအသုံးပြုရန်စီစဉ်ထားမှသာ ဤခွင့်ပြုချက်ကိုဖွင့်ရန်လိုအပ်သည်။
Camera
Zapya သည် QR ကုဒ်များကို scanဖတ်၊ ဓာတ်ပုံရိုက်နိုင်ပြီး ဗီဒီယိုများကိုမှတ်တမ်းတင်နိုင်ရန်အတွက် ကင်မရာကိုအသုံးပြုရန်တောင်းဆိုသည်။ အကယ်၍ သင်သည်ဖိုင်များလက်ခံရရှိပြီး QR ကုဒ်မှတဆင့် groupနှင့်ပူးပေါင်းလိုပါက Zapya သည်သင်၏ကင်မရာကိုအသုံးပြုရန်လိုအပ်သည်။ သင်၏ avatar အဖြစ်သတ်မှတ်ရန်(သို့)သီးသန့် chat ပေးပို့ရန် ဓာတ်ပုံရိုက်လိုပါက သင်၏ကင်မရာကိုအသုံးပြုရန်လိုသည်။
Contacts
အခြားသူများအားဆက်သွယ်ရန်သတင်းအချက်အလက်များကိုဝေမျှနိုင်ရန်အတွက် သင်၏contactစာရင်းကိုရယူရန် Zapya ကတောင်းဆိုသည်။ Zapya သည်သင်နှင့်မျှဝေထားသောမည်သည့်အဆက်အသွယ်ကိုမဆို သင်၏စက်ထဲ၌သိမ်းထားနိုင်သည်။ ဤခွင့်ပြုချက်ကိုဖွင့်ထားပါက ဖုန်းပွားခြင်းအင်္ဂါရပ်ကိုအသုံးပြု၍ သင်၏contactများကိုအခြားစက်ထဲသို့လွှဲပြောင်းနိုင်သည်။
Location
ဖိုင်မျှဝေရန်အပလီကေးရှင်းအားလုံးသည်ဤခွင့်ပြုချက်လိုအပ်သည်။ သို့မှသာ ဆက်သွယ်မှုတစ်ခုမစတင်မီ Bluetooth စကင်ဖတ်စစ်ဆေးခြင်း(သို့) Wi-Fi hotspotကိုဖွင့်နိုင်သည်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် တခြားစက်တွေနဲ့ချိတ်ဆက်နိုင်ဖို့တည်နေရာခွင့်ပြုချက်လိုတယ်။ ဆက်သွယ်မှုတစ်ခုကိုတောင်းခံရန်၊ ဆက်သွယ်မှုတစ်ခုကိုလက်ခံရန်၊ ဆက်သွယ်မှုတစ်ခုတည်ဆောက်ရန်နှင့်ဒေတာများကိုလွှဲပြောင်းရန်လိုအပ်သည်။ သင်၏တည်နေရာအချက်အလက်ကို မည်သည့်အခါမျှ ကုမ္ပဏီနှင့်မျှဝေမည်မဟုတ်ပါ။
Phone State
စက်၏ဖုန်းအခြေအနေကိုရယူရန်ရည်ရွယ်ချက်မှာ Zapya သည်မိုဘိုင်းဒေတာ(သို့)Wi-Fiကိုအသုံးပြုနေစဉ် စက်ပစ္စည်းအမှတ်အသားကိုပြန်လည်ရယူနိုင်ရန်ဖြစ်သည်။ ဖုန်းကိုလွှဲပြောင်းရာတွင်ပါ၀င်သည့်ပစ္စည်းတစ်ခုအနေဖြင့် device ခွဲခြားပြီးဖိုင်များကိုမျှဝေရန်ကြိုးစားသောအခါ unique device identifierကိုအသုံးပြုသည်။ ဆက်သွယ်မှုဦးစားပေးများကို Zapya တွင်သတ်မှတ်ရန် သင့်တွင်ရွေးစရာရှိသည်။ သတ်မှတ်ထားသောစိတ်ကြိုက်များကိုလိုက်နာရန် သင်သည်မိုဘိုင်းဒေတာ(သို့) Wi-Fi သုံးနေသည်ကို အက်ပလီကေးရှင်းကသိရန်လိုအပ်သည်။
Photos
ဤခွင့်ပြုချက်သည် Zapya အား စက်၏ဓာတ်ပုံကိုဖွင့်ရန်နှင့်၎င်းမှပုံများကိုတင်ရန်ခွင့်ပြုသည်။ သင်သည်ဓါတ်ပုံများကို Zapya သို့ avatar အဖြစ်သတ်မှတ်ရန်၊ သီးသန့် chatတွင်မက်ဆေ့ခ်ျတစ်ခုအနေဖြင့်ပေးပို့ရန်၊ အခြားသူများနှင့်မျှဝေရန်(သို့)သင်၏အကောင့်တွင်တင်ရန်ပြုလုပ်နိုင်သည်။ iPhone သုံးစွဲသူများအတွက်သင် iOS 14 သို့updateလုပ်ရမည်။ Zapya ကဓာတ်ပုံအားလုံးမှ သင်ရွေးချယ်သောဓာတ်ပုံများသာ ရယူနိုင်မည်။
SMS
SMSခွင့်ပြုချက်သည်သင်၏စာသားမက်ဆေ့ခ်ျများအား deviceများစွာမှတစ်ပြိုင်တည်းချိန်ကိုက်နိုင်သည်။ သုံးစွဲသူများသည်ကျွန်ုပ်တို့၏ဖုန်းပွားခြင်းအင်္ဂါရပ်ကိုသုံးရန် Zapya တွင်ဤအထိခိုက်မခံသောခွင့်ပြုချက်ထည့်သွင်းရန် Google Play Storeမှခွင့်ပြုချက်ရှိသည်။ ကျွန်ုပ်တို့၏ဖုန်းပွားအင်္ဂါရပ်က သင့်စက်ဟောင်း၏အကြောင်းအရာကိုစက်သစ်သို့လွှဲပြောင်းရန်ခွင့်ပြုသည်။ သင်သည်ဖုန်းပွားအင်္ဂါရပ်ကိုအသုံးပြုရန်စီစဉ်ထားမှသာဤခွင့်ပြုချက်ကိုဖွင့်ရန်လိုအပ်သည်။
Storage
Zapya သည် စက်ထဲသိမ်းဆည်းထားသောဖိုင်များအားလုံးကို အခြားသူများနှင့်မျှဝေနိုင်အောင် storageကိုရယူရန်တောင်းဆိုသည်။ အချို့ဖိုင်များကိုအခြားသူများအားဝေမျှလိုသည်ဖြစ်ဖြစ်မဖြစ်ဖြစ် သင်၏ဆုံးဖြတ်ချက်ဖြစ်သည်။ ဤခွင့်ပြုချက်သည် Zapya အားသင်လွှဲပြောင်းထားသောဖိုင်များကိုသိမ်းဆည်းရန် ခွင့်ပြုသည်။ ဤခွင့်ပြုချက်ကိုပိတ်ထားပါက Zapya ၏အဓိကအင်္ဂါရပ်များကိုသင်အသုံးမပြုနိုင်ပါ။
သင်ပိုမိုလေ့လာလိုပါကကျွန်ုပ်တို့၏ Privacy Policy (https://zapya.app/policy_en.html)နှင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုသတ်မှတ်ချက်များ(https://zapya.app/v3/terms_of_service.html)ကိုဖတ်ပါ။
သင့်တွင်မေးခွန်းများ(သို့)စိုးရိမ်မှုများရှိပါကကျွန်ုပ်တို့အားဆက်သွယ်ပါ။ ဤဆောင်းပါးအပေါ်မှတ်ချက်ချန်ခဲ့ပြီး(သို့)feedback@dewmobile.net သို့အီးမေးလ်ပို့ခြင်းဖြင့် ကျွန်တော်တို့ကိုဆက်သွယ်နိုင်ပါသည်။
You may also like
-
Zapya 2025: A Year in Review — Thank You for Being Part of Our Journey
-
Zapya နှင့်အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်း။
-
2024 နှစ် သုံးသပ်ချက် – Dewmobile Inc. ၏ Family of Apps မှ ပေါ်လွင်ချက်များ
-
To our incredible Zapya users,
-
Zapya WebShare ဖြင့် ဖိုင်များကို ချောမွေ့စွာ မျှဝေလိုက်ကြစို့ – သင်၏ ဖိုင်လွှဲပြောင်းမှု လိုအပ်ချက်အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းချက်။
