ကျေးဇူးအထူးတင်ရှိခြင်း

ကျွန်တော်တို့အားလုံး​၏ (၂၀၂၀ )ပြည့်နှစ်သည်တစ်နှစ်တာ၏ rollercoaster တစ်ခုဖြစ်ကြောင်းသဘောတူနိုင်သည်။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် ကျွန်တော်တို့ကို အဆိုးမြင်အတွေးများဖြစ်လွယ်စေပြီး ကောင်းသောအရာခပ်သိမ်းကိုမေ့လျော့စေပါသည်။ ကျေးဇူးသိတက်သည့်စိတ်ဖြင့် ကျွန်တော်တို့အားလုံးမှကျေးဇူးတင်သည့်အရာများကိုအချိန်ယူစဉ်းစားလိုက်ကြပါစို့။

 

သုံးစွဲသူများထံမှတုံ့ပြန်ချက်များရရှိမှုကြောင့် ကျွန်ုပ်တို့၏အက်ပလီကေးရှင်းများကို စဉ်ဆက်မပြတ် တိုးတက်အောင်ပြုလုပ်နိုင်ပြီး လူတိုင်းအတွက်ဖိုင်မျှဝေရန် ရွေးချယ်မှုများကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သည်။ ထို့ကြောင့် userမိတ်ဆွေများအားလုံးကို Dewmobile ရှိကျွန်ုပ်တို့မှ ကျေးဇူးအထူးပင် တင်ရှိပါသည်။

ယခုနှစ်အတွက် ကျွန်ုပ်တို့သည်ကျန်းမာရေးစောင့်ရှောက်မှု ၀န်ထမ်းများအားလုံးကိုကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ကျန်းမာရေးဝန်ထမ်းများသည် သူတို့​၏အသက်စွန့်ပြီး လူတိုင်းအတွက် ကျန်းမာကောင်းမွန်သောကမ္ဘာကြီးကိုဖန်တီးရန် လုပ်ဆောင်နေကြသည်။ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများအတွက် ကျွန်တော်တို့မှ ကျေးဇူးတင်ကြောင်းပြောကြားရုံမှတပါး အခြားမတက်နိုင်ပါ။ ဒါ့ကြောင့် မလိုအပ်ဘဲအပြင်မထွက်ပါနှင့်၊ အပြင်ထွက်လျှင်maskတပ်ခြင်းနှင့်ကျန်းမာရေးအရာရှိများချမှတ်ထားသောစည်းကမ်းများကိုလိုက်နာခြင်းဖြင့် ကူညီပေးကြစေချင်ပါသည်။

ကျွန်တော်တို့မှ ကျေးဇူးတင်လိုမှုများကို ပြောကြားပြီးဖြစ်၍ မိတ်ဆွေများလည်း ထပ်တူလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ ကောင်းချီးများရရန်စဉ်းစားမှုများကိုခဏရပ်ပြီး အခြားသူများ​၏ကြင်နာမှုကိုမည်သို့ပြန်ပေးဆပ်နိုင်မလဲကိုအရင်စဉ်းစားပါ။ မည်သူ(သို့)မည်သူအားကျေးဇူးတင်လိုကြောင်း အောက်commentတွင် ကျွန်ုပ်တို့အားအ
သိပေးနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *