2020 ခုနှစ် တစ်နှစ်တာပြန်လည်သုံးသပ်ခြင်း

 

ဒီတစ်နှစ်မှာတော့ အချိန်တွေအများကြီးကုန်ဆုံးသွားပြီး ဘာမှမလုပ်လိုက်ရဘူး လို့ခံစားနေရပါသည်။ ၂၀၂၀ ခုနစ်ဟာဆိုရင် သမိုင်းစာအုပ်များတွင် မမေ့နိုင်သောနှစ်တစ်နှစ် အဖြစ် မှတ်တမ်းတင်သွားနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့၏အစီအစဉ်များကို ခေတ္တရပ်တန့်စေပြီး မိသားစုများ၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဆရာမများ၏ အရေးကြီးပုံကိုပြန်လည်သုံးသပ်ရန် တွန်းအားအဖြစ် သက်ရောက်စေခဲ့ပါသည်။ အားလုံးပြီးဆုံးသွားပြီဆိုလျှင် သက်သာရာသက်ပြင်းချနိုင်ပါပြီ။ ကျွန်တော်တို့ ဤတစ်နှစ်တာအတွင်း Dewmobile ၏အဓိကမီးမောင်းထိုးပြချက်များကို ပြန်လည်သုံးသပ်ဖို့ အချိန်ခဏယူချင်ပါသည်။

 

၂၀၂၀ခုနစ်ဟာဆိုရင် ကျွန်တော်တို့ အားလုံးကို တစ်ခုထက်ပိုတဲ့နည်းလမ်းတွေနဲ့ အနှောင့်အယှက် ပေးခဲ့ပါသည်။ ဒါပေမဲ့ အဲ့ဒါတွေက ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကို၊ ကျွန်တော်တို့၏ လက်ရှိထုတ်ကုန်တွေကိုတိုးတက်စေရန်နှင့် မိတ်ဆွေတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ၌ကူညီနိုင်ရန်၊ နည်းလမ်းသစ်တွေဖန်တီးနိုင်ရန် ကြိုးစားခြင်းကို တားဆီးနိုင်မည်မဟုတ်ပါ။ ၂၀၂၀ ၏အဓိကမီးမောင်းထိုးပြချက်ဟာဆိုရင် ကျွန်တော်တို့သည်  လက်ရှိ product တွေထဲကို အွန်လိုင်း ဖိုင်မျှဝေခြင်းအင်္ဂါရပ်များစွာကို ထည့်သွင်းထားသော အော့ဖ်လိုင်း အသုံးပြုသူ အခြေပြု ကုမ္ပဏီကြီး ဖြစ်ပြီး ပထမဦးဆုံးသောကုမ္ပဏီလည်းဖြစ်ပါသည်။ ယခုကျွန်တော်တို့၏userများသည် မည်သည့် အရွယ်အစားနှင့့််formatကိုမဆို၊ မည်သည့်ပလက်ဖောင်းတွင်မဆို၊ အွန်လိုင်း(သို့)အော့ဖ်လိုင်း အခြေအနေမှာပင် မျှဝေနိုင်ပါပြီ။

 

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Zapya Go ၏Remote Send နှင့် Remote Receive တို့ကို စတင်မိတ်ဆက် ခဲ့သော်လည်း မတ်လတွင် ကမ္ဘာလုံးဆိုင်ရာ social distancing စီမံမှုများစတင်ခဲ့စဉ် ကျွန်တော်တို့သည် ကျွန်တော်တို့ userများအားလုံး အချင်းချင်းဆက်လက်မျှဝေနိုင်မည့် နည်းလမ်းတစ်ခု ကိုဖန်တီးရန် အလွန်အမင်း စိတ်အားထက်သန်ခဲ့သည်။ ကျွန်ုပ်တို့ရှာဖွေတွေ့ရှိခဲ့တဲ့ဖြေရှင်းချက်မှာတော့ www.zapyatransfer.com ပင်ဖြစ်သည်။ Zapya Transfer သည် Cloud အခြေခံထားသော ဖိုင်များကိုပြောင်းရွှေ့မျှဝေနိုင်သော ၀န်ဆောင်မှု တစ်ခုဖြစ်သည်။ userများမှ upload လုပ်နိုင်ပြီး ဖိုင်များကိုယာယီသိုလှောင်ခြင်းနှင့် ဖိုင်များကို ဒေါင်းလုပ်ဆွဲယူ နိုင်ပါသည်။ Zapya, Zapya Go, Zapya PC, Zapya MAC, Zapya WebShare နှင့် MiniShare အသုံးပြုသူများသည်  Zapya Transfer ကို မိတ်ဆွေတို့၏ application များမှ တဆင့် ဝင်ရောက်၍ ဖိုင်များကိုအွန်လိုင်းတွင်မျှဝေနိုင်ပါသည်။

 

အလားတူစွာ ကျွန်တော်တို့သည် userများအား ၎င်းတို့၏မိသားစု၀င်များကိုအလွယ်တကူ trackလုပ်နိုင်ပြီးအဝေးရောက်မိသားစုဝင်များလုံခြုံစွာရှိကြောင်း သိနိုင်သောနည်းလမ်းတစ်ခုကို ဖန်တီးခဲ့ပါသည်။ ကျွန်တော်တို့၏teamမှ အတူတကွပေါင်းစည်းပြီး MyDearest – မိသားစုတည်နေရာနှင့် မိဘမှစောင့်ထိန်းကြည့်ရှုစစ်ဆေးမှုကိရိယာတစ်ခုကို ပြုလုပ်ခဲ့သည်။ MyDearest ကို ဧပြီလတွင် Google Play Store နဲ့ Apple App Store နှစ်ခုစလုံးမှာထုတ်ပြန်ခဲ့ပါသည်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့သည် ထောင်ပေါင်းများစွာသောမိသားစုများ၊ မိသားစုဝင်များသီးခြားစီဖြစ်နေချိန်မှာပင် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်မပြတ်အောင်ကူညီပေးခဲ့ပါသည်။

 

ကျွန်တော်တို့သည် MyDearest အပိုင်းတွင်အောင်မြင်မှုများစွာရရှိခဲ့သဖြင့် တိုးချဲ့အနေဖြင့် အက်ပလီကေးရှင်း အသစ်ကို စမ်းသပ်နေပါသည်။ အက်ပလီကေးရှင်းအသစ်သည် မိသားစုများနှင့်ဆက်သွယ်နိုင်ရန် များစွာ အထောက်အကူပြုသည်။ ကျွန်တော်တို့အက်ပလီကေးရှင်းသစ်ကို ၂၀၂၁ ခုနှစ်တွင် ဖြန့်ချိသောအခါ MyDearest ၏အဓိကအချက်များကို အတွင်းပိုင်းမိသားစုဝင်များ တစ်ဦးနှင့်တစ်ဦး ထောက်လှမ်းကူညီနိုင်သော အချက်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အက်ပလီကေးရှင်းအသစ်နှင့် MyDearest ၏ပြောင်းလဲမှုများကို ကျွန်တော်တို့မှ ပြန်ပြီးတရားဝင်ကြေငြာပါမည်။

 

ဤနှစ်ထဲတွင် မိသားစုအရေးကြီးပုံ ကိုနားလည် သဘောပေါက်လာသည်နှင့်အမျှ ကျန်းမာရေးဝန်းထမ်းများသည် သူရဲကောင်းများဖြစ်ကြသည်ဟု နားလည်ခဲ့ကြရသည်။ သူတို့သည် အားလုံးအတွက် ပိုမိုလုံခြုံသော ကမ္ဘာကြီးကို ဖန်တီးရန် နေ့တိုင်းသူတို့၏အသက်ကို စွန့်ပြီး ရှေ့တန်းတွင်လုပ်ဆောင်နေသည်။ ကိုဗစ် အရေးပေါ် ကာလ အတွင်း ကျွန်တော်တို့မှလည်း တစ်နိုင်တစ်ပိုင် အင်အားဖြင့် COVID-19 ကုသရေးစင်တာတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ ကုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံ သို့ အလှူငွေ ငါးသိန်းကျပ်(ကျပ် ၅၀၀,၀၀၀/- ) နှင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကိုလည်းလှူဒါန်းခဲ့သည်။

 

ဤနှစ်ထဲတွင် အလုပ်အကိုင်တစ်ခုဟာဆိုရင် သင်ကြားခြင်း၏အရေးကြီးမှုကို နားလည်စေခဲ့သည်။ မွန်မြတ်သောမြတ်ဆရာများသည် ကျွန်တော်တို့၏လူ့ဘောင်အဖွဲ့အစည်း၏ကျောရိုးတစ်ခုလည်းဖြစ်သည်။ အားလုံးကို အကောင်းဆုံးဖြစ်နိုင်သည်အထိဖြစ်လာစေရန် ကူညီပေးသောကြောင့်ပင်ဖြစ်သည်။ ယခုနှစ်အတွင်း ကျောင်းသားများ၏ အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ကျွန်တော်တို့မှ ပါကစ္စတန်မူရီး အစိုးရစီးပွားရေးတက္ကသိုလ်အား နှစ်ပတ်လည်ဆုများ ပေးအပ်ခဲ့ပါသည်။ ကျောင်းသားများ၏ဘဝကို ပြောင်းလည်ပေးသော ဆရာများအား ကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။

 

နောက်ဆုံးအနေဖြင့် ကျွန်တော်တို့၏productများကိုဆက်လက် အားပေးအသုံးပြုမှုအတွက် userများကို ကျေးဇူးတင်ရှိပါသည်။ အမြဲယုံကြည်အားပေးသော မိတ်ဆွေတို့ကို ကျွန်တော်တို့မှ အလွန်ကျေးဇူးတင်ပါသည်။ မိတ်ဆွေတို့၏ ဖိုင်မျှဝေရန် လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးရန်နှင့် လာမည့်နှစ်တွင် ဆက်လက်ဆက်သွယ်ရန်ကူညီရန် ကျွန်တော်တို့မျှော်လင့်နေပါသည်။၂၀၂၁ ခုနစ် အား လူတိုင်းအတွက် ပိုမိုကောင်းမွန်သောနှစ်ဖြစ်ရန် ကျွန်တော်တို့အားလုံးအတူတကွ လုပ်ဆောင်ကြပါစို့။

4 thoughts on “2020 ခုနှစ် တစ်နှစ်တာပြန်လည်သုံးသပ်ခြင်း

Leave a Reply

Your email address will not be published. Required fields are marked *