Zapya Go ၏ ပုဂ္ဂလိကလူမှုကွန်ယက်

Zapya Go ၏ အခမဲ့ ပုဂ္ဂလိကလူမှုကွန်ယက် ကိုပြောင်းသုံးသောအခါ သင်သိရှိပြီးနှစ်သက်သည့် တူညီသောဆိုရှယ်မီဒီယာ အင်္ဂါရပ်များကို အသုံးပြုနိုင်ပြီး ပိုမိုလုံခြုံစေပါသည်။ Zapya Go တွင် ရရှိနိုင်သောအင်္ဂါရပ်အားလုံးသည် သင်၏ အချက် အလက်၊ သင်၏သူငယ်ချင်းများနှင့် မိသားစု၏အချက်အလက်များကို ကာကွယ်ရန် ဒီဇိုင်းပြုလုပ်ထားသည်။ ဆိုလိုသည်မှာ သင်၏အချက်အလက်များကို third party မြင်တွေ့နိုင်မည်ကိုစိုးရိမ်စရာမလိုဘဲ သူငယ်ချင်းများ၊ မိသားစုများနှင့်ဆက်သွယ် ပြီး လုံခြုံစွာ မျှဝေနိုင်ပါသည်။

 

ပုဂ္ဂလိကလူမှုကွန်ယက်ဆိုတာဘာလဲ။

 

အများပြည်သူသုံး လူမှုကွန်ယက်များနှင့်မတူဘဲ၊ ပုဂ္ဂလိကလူမှုကွန်ယက်များသည် user များအား အများပြည်သူ သတင်း ရင်းမြစ်များမှ သတင်းအချက်အလက်များကို မျှဝေခြင်းထက် သတင်းအချက်အလက်ဝေမျှလိုသူများကို ရွေးချယ်ခွင့်ပြုသည်။ ဤနည်းအားဖြင့် third party များက user များ၏ အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ကိုမရရှိနိုင်ပါ။ User များသည် သူတို့၏သူငယ်ချင်းများ၊ မိသားစုနှင့်အဆက်အသွယ်မပြတ်ဘဲ သူတို့၏ privacy ကိုလည်းမထိခိုက်စေဘဲ ပိုမိုရင်းနှီးသော ဆိုရှယ်မီဒီယာ အတွေ့အကြုံကိုခံစားနိုင်ပါသည်။

 

Zapya Go ပုဂ္ဂလိကလူမှုကွန်ယက်တွင် မည်သည့်အင်္ဂါရပ်များရရှိနိုင်သလဲ။

 

Profile

Zapya Go ရှိအကောင့်အားလုံးသည် လုံးဝအမည်မသိပါ။ အကြောင်းမှာ သင်၏ဆိုရှယ်မီဒီယာအကောင့်၊ ဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာများ မဟုတ်ဘဲ၊ သင်၏စက်ကိရိယာ နှင့်သာ တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့်ဖြစ်သည်။ သင်၏အကောင့်ကို စက်ကိရိယာနှင့်သာတိုက်ရိုက်ချိတ်ဆက်ထားခြင်းကြောင့် သင်သည် Zapya Go ကိုဖွင့်သောအခါ သင့်အကောင့်ထဲသို့ အလိုအလျောက်ဝင်ရောက်လိမ့်မည်။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထပ်မံကာကွယ် ရန်အတွက် သင်၏ပရိုဖိုင်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များမလိုအပ်ပါ။ Avatar ပုံနှင့် nickname တစ်ခုတင်ရန် သင်ရွေးချယ်နိုင်သည်။ သို့သော် ဤအပလီကေးရှင်းကို အခြား app များ၏လုပ်ဆောင်ချက်များ သုံးရာတွင် ထပ်ပြောင်းရန် မလိုအပ်ပါ။ သင်လုပ်ရမည်မှာ သင်၏ ပရိုဖိုင် အဖြစ်သတ်မှတ်ရန် သဘောတူရမည်။

 

Friends

Zapya Go တွင် user မှရှာဖွေခြင်း (သို့) စက်မှထုတ်လုပ်သည့် သူငယ်ချင်းအကြံပြုချက်များ မရှိပါ။ ထို့ကြောင့် သူစိမ်းများ သည် သင်၏ပရိုဖိုင်ကို မမြင်နိုင်ပါ။ သင်၏ကိုယ်ရေးအချက်အလက်ကိုရှာဖွေလိုလျှင် မိတ်ဆွေတစ်ဦးတစ်ယောက်မှ friend request ကိုအရင်ပေးပို့ပြီး သင်နှင့်ဖိုင်များကို မျှ‌‌ဝေရမည်။ ထိုအခါမှသာ သင်၏ကိုယ်ရေးအချက်အလက်ကို သူတို့၏ “Add Friend” အပိုင်းတွင် ပေါ်လာပြီး သင့်အား သူငယ်ချင်းအဖြစ်ထည့်ရန် တောင်းဆိုနိုင်သည်။ Zapya Go တွင် မျှဝေခြင်း နည်းလမ်းများစွာရှိသည်။ ဥပမာ“Remote sharing” နှင့်“ Nearby sharing” နည်းများဖြင့် မည်သည့် နေရာတွင်မဆို သူငယ်ချင်းများနှင့်မိသားစုအား ပေါင်းထည့်နိုင်သည်။

 

 

Moments

Zapya Go ၏ Moments အပိုင်းတွင် သူငယ်ချင်းအဖြစ် ထည့်သွင်းထားသောသူများ၏ နောက်ဆုံးအခြေအနေနှင့် ပုံအသစ်များကို သင်ကြည့်နိုင်သည်။ Moments အပိုင်းကို Zapya Go ၏ main screen တွင် တွေ့နိုင်ပြီး သင့်သူငယ်ချင်းများ၏ နောက်ဆုံးပို့စ်များ ကိုလည်းကြည့်နိုင်သည်။ Moments အပိုင်းရှိ ပို့စ်များကို စီစစ်ထားခြင်းမရှိပါ။ ဆိုလိုသည်မှာ သင်မည်သည့်ပို့စ်များကို ကြည့်သင့်သည်ကို အပလီကေးရှင်းမှရွေးချယ်ပေးသည်ထက် သင်၏သူငယ်ချင်းများ တင်ထားသော ပို့စ်အားလုံးကို ကြည့်ရှုနိုင်သည်။ သင်၏ Moments တွင် ကြော်ငြာများ (သို့) third party ၏ အကြောင်းအရာ များကိုတွေ့ရမည်မဟုတ်ပါ။ Moments တွင် ပေါ်လာသောပို့စ်သည် သင်(သို့) သင်၏သူငယ်ချင်းများ တင်ထားခြင်း မဟုတ်ပါက Zapya Go မှ နောက်ဆုံးပေါ်အင်္ဂါရပ်များအကြောင်းကိုသိရှိရန် ထုတ်ထားခြင်းသာဖြစ်သည်။

 

Comment များနှင့် Like များ

Zapya Go တွင် သူငယ်ချင်းအဖြစ် သင်ထည့်သွင်းထားသူများသာလျှင် Moments ပေါ်ရှိ သင်၏ရေးသားချက်များကို ကြည့်နိုင်ပြီး Comment များနှင့် Like များ ပေးနိုင်မည်။ Third party သည် သင်၏ သူငယ်ချင်းများနှင့် မိတ်ဆွေဖြစ်နေ လျှင်ပင် သင်၏ Moments များကိုကြည့်ရှုနိုင်မည်မဟုတ်ပါ။   သင့်သူငယ်ချင်းတစ်ဦး၏ ပို့စ်အောက်တွင် သင်ကောမန့် ပေးထားသည့်အကြောင်းအရာကို သင်၊ ပို့စ်တင်သောသူငယ်ချင်း၊ ပို့စ်တင်ထားသော သူငယ်ချင်းနှင့် mutual friend များဖြစ်သောသူတို့သာလျှင် ကြည့်နိုင်မည်ဖြစ်သည်။ ဤဒီဇိုင်း၏ရည်ရွယ်ချက်မှာ-သင်၏သတင်းအချက်အလက်များကို သူစိမ်းများ မမြင်နိုင်ရန် နှင့် သင်၏ ပို့စ်များအား မည်သူကြည့်ရှုနိုင်သည်ကို ထိန်းချုပ်နိုင်ရန်ပင်ဖြစ်သည်။

 

Messenger

Zapya Go ၏ built-in messenger ကိုအသုံးပြုခြင်းဖြင့် သင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုထိခိုက်စေခြင်းမရှိဘဲ  သင်၏ သူငယ်ချင်းများ၊ မိသားစုများနှင့် အဆက်အသွယ်ပြုလုပ်နိုင်သည်။ စကားဝှက်ဖြင့်ရေးသားထားသော chat function ကို သင်ဖွင့်သုံးရန် ရွေးချယ်ခွင့်ရှိသောကြောင့် သင်နှင့် စကားပြောသောသူသာ chat ရှိစာများအားလုံးကို လျှို့ဝှက်ကုဒ်ဖြင့် ကူးယူနိုင်ပြီး သင်နှင့်သင်ပြောနေသူသာလျှင်ကြည့်ရှုနိုင်သည်။ စာဝှက်ဖြင့်ရေးထားသောချက်တင်သည် မက်ဆေ့ခ်ျကို ဖတ်ပြီးသည်နှင့် chat history တွင် အလိုအလျောက်ရှင်းပစ်ပါလိမ့်မည်။ သင်၌ စကားဝှက်ဖြင့်ရေးသားထားသော ချက်တင် ကို မဖွင့်ထားပါက သင်နှင့်သင်၏သူငယ်ချင်းများသည် မည်သည့်အချိန် တွင်မဆို မက်ဆေ့ခ်ျများကြည့်နိုင်ရန် chat history ကိုသိမ်းဆည်းထားလိမ့်မည်။

 

ယနေ့ပဲ Zapya Go ၏ပုဂ္ဂလိကလူမှုကွန်ယက်ကို Join လိုက်ပါ။

 

Official Website: https://zapya.app/v3/download

Google Play Store: https://play.google.com/store/apps/details?id=com.dewmobile.zapyago

Apple App Store: https://apps.apple.com/us/app/zapya-go/id1495570030

Café Bazaar: https://cafebazaar.ir/app/com.dewmobile.zapyago?l=en

1 thought on “Zapya Go ၏ ပုဂ္ဂလိကလူမှုကွန်ယက်

Leave a Reply

Your email address will not be published. Required fields are marked *