နှစ်သစ်ကိုမကြိုဆိုခင် ၂၀၂၁ ကိုနှုတ်ဆက်သည့်အနေဖြင့် ၂၀၂၁ ခုနစ်အတွင်း ဖြစ်ပေါ်ခဲ့သည်ကို ခဏလောက် အချိန်ပေးပြီး ကြည့်ရှုပေးကြပါဦး။ ဤနှစ်မှာ ပုံမှန်နှစ်တွေနဲ့မတူဘဲ ပုံစံသစ်များဖြစ်ပြီး၊ တစ်ဦးနှင့်တစ်ဦး ချိတ် ဆက်မျှဝေရာမှာ နည်းလမ်းအသစ်များကိုလည်း မိတ်ဆွေတို့ လေ့လာခဲ့မယ်လို့ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ လူများအား ဖိုင်များမျှဝေကာ အခြားသူများနှင့်ချိတ်ဆက်နိုင်ရန်အတွက် ကျွန်တော်တို့ Dewmobile မှ ကျွန်တော် တို့ရဲ့ product များ ကောင်းမွန်အောင် တစ်နှစ်ပတ်လုံး ကြိုးကြိုးစားစားလုပ်ဆောင်လျက်ရှိပါသည်။
Zapya
2021 ခုနှစ်မှာဆိုရင် Zapya ၏ Android နှင့် iOS ဗားရှင်းနှစ်မျိုးစလုံးကို လူအများစောင့်မျှော်နေကြတဲ့ အသွင်သစ်သို့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အိုင်ကွန်ခလုပ်များကိုလည်း အသစ်ဆန်းဖြစ်အောင် ပြောင်းလဲထားပြီး ဖိုင်များကို ပိုမိုမြန်ဆန်စွာဝင်ရောက်နိုင်ရန် အောက်ခြေလမ်းညွှန်ကွက်များကိုလည်း အပ်ဒိတ်လုပ်ထားပါတယ်။ 2021 ခုနှစ် Zapya အတွက် ပြုလုပ်ခဲ့သော အခြားမြှင့်တင်မှုများမှာ-
- ပိုမိုကောင်းမွန်လာသော Android Support
ပြောင်းလဲလာသောဒီဇိုင်းပုံစံအသွင်သစ်နှင့်အတူ ကျွန်တော်တို့၏အင်ဂျင်နီယာများသည်လည်း Android 11 နှင့်အထက် သိုလှောင်မှုပုံစံအသစ်ကို support လုပ်နိုင်ရန်အတွက် Zapya ၏ကုဒ်ကိုပါ အဆင့်မြှင့် တင်ခဲ့ပါတယ်။ ဒါမှ Android 11 နှင့်အထက် အသုံးပြုသူများသည် Zapya ဖြင့် ဖိုင်များကို လုံခြုံစွာပေးပို့ လက်ခံနိုင်မည်ဖြစ်သည်။ Android 5 မှ Android 11 အသုံးပြုသူများသည် Zapya ကို ဆက်လက် သုံးနိုင် ရန်လည်း ကျွန်တော်တို့မှ သေချာဆောင်ရွက်ထားပါတယ်။ Zapya Go ၏ကုဒ်ကိုလည်း အလားတူ အဆင့်မြှင့်ထားပါသည်။
- iOS မှ Android မျှဝေခြင်း ကိုမြှင့်တင်ထားခြင်း
iOS မှာ Zapya ၏ နောက်ဆုံးဗားရှင်းဖြင့် ယခုဆိုရင် အက်ပ်ကို ထွက်စရာမလိုဘဲ iOS စက် နှင့် Android စက်ကို ချိတ်ဆက်နိုင်ပြီဖြစ်သည်။ “Zapya wants to join WIFI Network…” ပေါ်လာတာနဲ့”Join” ကို နှိပ်ပြီး လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်ပြီဖြစ်သည်။
- ဘာသာစကားမျိုးစုံဖြင့် အသုံးပြုသူများအား လမ်းညွှန်ပေးခြင်း
ယခုဆိုရင် သင်နှစ်သက်ရာဘာသာစကားဖြင့် Zapya တွင် မျှဝေခြင်းနည်းလမ်းများစွာ၏ အသုံးပြုနည်း အဆင့်ဆင့်လမ်းညွှန်ချက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။ ကျွန်တော်တို့ team သည် အက်ပ်၏ နောက်ဆုံးဗားရှင်းဖြင့် ဗီဒီယိုနည်းများကိုလည်း ဖန်တီးထားပါသည်။ သင်နည်းများကို Zapya ရဲ့ official YouTube ချန်နယ်မှာ ကြည့်ရှုနိုင်ပါသည်။
Zapya Transfer
2021 ခုနစ်ဟာဆိုရင် Zapya Transfer အတွက် အလွန်အရေးပါသော နှစ်တစ်နှစ်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ user များ၏ ဖိုင်မျှဝေခြင်းစွမ်းရည်ကို ချဲ့ထွင်နိုင်ရန် အွန်လိုင်း ဖိုင်မျှဝေခြင်း ပလပ်ဖောင်းတွင် လုပ်ဆောင်ချက်အသစ် များကို ဆက်တိုက်ထည့်သွင်းနိုင်ခဲ့ပါသည်။ 2021 ခုနှစ်တွင် Zapya Transfer မှ ထည့် သွင်းထားသော လုပ်ဆောင်ချက်အသစ်များမှာ-
- ဘာသာစကားမျိုးစုံ
မတ်လ အပ်ဒိတ်အရ Zapya Transfer တွင် ဘာသာစကားများကို စိတ်ကြိုက်ရွေးချယ်ပြီးသုံးနိုင်ပါပြီ။ Zapya Transfer တွင် လက်ရှိ ရွေးချယ်ပြီးသုံးနိုင်သော ဘာသာစကားများမှာ- တရုတ်၊ အင်္ဂလိပ်၊ မြန်မာ၊ စပိန်၊ ရုရှား၊ ဟိန္ဒီ၊ Urdu ၊ Farsi Arabic နှင့်ထိုင်း တို့ဖြစ်သည်။
- Zapya Transfer Pro
Zapya Transfer ရဲ့ Pro ဗားရှင်းကို ထည့်သွင်းထားခြင်းဖြင့် user များ၏ privacy ကို ပိုမို ကောင်းမွန်စွာ control လုပ်နိုင်ပါသည်။ Zapya Transfer Pro အသုံးပြုသူများသည် ဖိုင်များကို စကားဝှက်ဖြင့် ကာကွယ်နိုင်ပြီး ဖိုင်တစ်ဖိုင်ကို ဒေါင်းလုဒ်လုပ်နိုင်သည့် အကြိမ်အရေအတွက် သတ်မှတ်နိုင်ပြီး ဖိုင်များကို မည်မျှကြာအောင်သုံးနိုင်ခြင်းကိုပါ သတ်မှတ်နိုင်သည်။ Zapya Transfer Pro ၏ အခြား ကောင်းကျိုး များမှာ- 10GB အထိ ဖိုင်များပေးပို့နိုင်ခြင်း၊ ဇစ်ဖိုင်များ/ဖိုင်တွဲများ ပေးပို့ခြင်းနှင့်လက်ခံခြင်း၊ အွန်လိုင်း ဖိုင်ကူးပြောင်းခြင်း လုပ်ဆောင်ချက်များကို အကန့်အသတ်မရှိ ဝင်ရောက်အသုံးပြုနိုင်ခြင်းတို့ဖြစ်သည်။
- Online File Conversion
Zapya Transfer သည် 2021 ခုနစ် နောက်ပိုင်းကာလတွင် အွန်လိုင်းဖိုင်ပြောင်းခြင်းအပါအ၀င် user များ၏ ဖိုင်မျှဝေနိုင်စွမ်းကိုပါချဲ့ထွင်နိုင်ခဲ့သည်။ အွန်လိုင်းဖိုင်ပြောင်းလဲခြင်းလုပ်ဆောင်ချက်မှာ- ဖိုင်များကို ကုဒ်ပြောင်းခြင်း၊ အသံမှစာသားပြောင်းခြင်း၊ အသံဖိုင် ထုတ်ယူခြင်း၊ အသံ ဖယ်ရှားခြင်း၊ ဖိုင်များကိုချုံ့ခြင်း၊ GIFs ဖန်တီးခြင်းနှင့် ဓာတ်ပုံများကို အရွယ်အစားပြောင်းနိုင်ခြင်း တို့ဖြစ်သည်။ Zapya Transfer Free အကောင့်အသုံးပြုသူများသည် ဤလုပ်ဆောင်ချက်ကို တစ်လလျှင် 4 ကြိမ် အသုံးပြုနိုင် ပြီး Zapya Transfer Pro အသုံးပြုသူများသည် အကန့်အသတ်မရှိ ဝင်ရောက်အသုံးပြုနိုင်ပါသည်။
MyDearest
2021 ခုနှစ်တစ်လျှောက်လုံး MyDearest သည် မိသားစုများကို ခြေရာခံလိုက်ပေးနိုင်ပြီး ချစ်ရသောဆွေမျိုး အပေါင်းတို့ကို ပြုစုစောင့်ရှောက်ရန် ဆက်လက်ကူညီပေးလျက်ရှိသည်။ 2021 ခုနှစ်အတွင်း MyDearest သို့ ထည့်သွင်းထားသော ထင်ရှားသော လုပ်ဆောင်ချက်အချို့မှာ-
- ပိုမိုကောင်းမွန်သော မိဘအုပ်ထိန်းမှု
အလုပ်ကိုင်တဖက်နဲ့မိဘများ၏ ဖိစီးမှုများကို အနည်းငယ် လျောချရန်အတွက် ယခုနှစ်တွင် MyDearest ရှိ လုပ်ဆောင်ချက်များ အားလုံးကို အဆင့်မြှင့်တင်ထားပါသည်။ MyDearest တွင် သင့်ကလေးနှင့် Caring Relationship ကိုထူထောင်ပြီးသည်နှင့်၊ App Usage Report မှတဆင့် ကလေးများအား ကျန်းမာသောဖုန်းအလေ့အထကို လုပ်ပေးနိုင်ခြင်း၊ screen sharing လုပ်ပြီး အဝေးမှတစ်ဆင့် ပံ့ပိုးကူညီနိုင်ခြင်းတို့ကိုလုပ်ဆောင်နိုင်သည်။ ကလေးများဖုန်းသုံးချိန်ကြာပြီး ဆက်ပြီး အသုံးမပြု စေလိုပါက ၎င်းတို့၏ ဖုန်းစခရင်ကို အဝေးမှ လော့ခ်ချနိုင်မည်ဖြစ်သည်။
- ဆွေမျိုးရင်းချာရှိ သက်ကြီးရွယ်အိုများကိုထည့်ခြင်း
MyDearest အသုံးပြုသူများသည် ယခုအခါ သက်ကြီးရွယ်အို ဆွေမျိုးများကိုလည်း Dearest အဖြစ် ထည့်သုံးနိုင်ပါပြီ။ ဒါဟာဆိုရင် မိသားစုဝင်များမှ ၎င်းတို့၏ သက်ကြီးရွယ်အို မိဘများ သို့မဟုတ် အဘိုးအဘွားများ၏ location ကို ခြေရာခံနိုင်ခြင်း၊ screen sharing လုပ်ဆောင်ချက်ဖြင့် အဝေးမှ နည်းပညာဆိုင်ရာ ကူညီမှုကို ပံ့ပိုးပေးနိုင်ခြင်း၊ group calendar တွင် လာမည့်ဖြစ်ရပ်များကို ခြေရာ ခံနိုင်ခြင်း၊ group chat တွင် လုံလုံခြုံခြုံစကားပြောနိုင်ခြင်း နှင့် အခြားအရာများစွာ တို့ကို လုပ်ဆောင်နိုင်ပါသည်။
- ပိုမိုကောင်းမွန်သော အဝေးထိန်းပံ့ပိုးမှု
MyDearest ရှိ အဝေးထိန်း ပံ့ပိုးမှု လုပ်ဆောင်ချက်ကို အပ်ဒိတ်လုပ်ထားပြီး သင်၏ screen ကိုမျှဝေစဉ် သို့မဟုတ် အခြားသူတစ်ဦး၏ screen ကို ကြည့်ရှုစဉ် တို့တွင် အသံနှင့် chat ကို မျှဝေနိုင်ပါသည်။
ကျွန်တော်တို့၏ User များသို့
နောက်ဆုံးအနေနဲ့ မိတ်ဆွေတို့၏ အားပေးမှုအတွက် ကျွန်တော်တို့မှ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ မိတ်ဆွေတို့၏ အကြံပြုချက်များနှင့် feedback များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်တို့သည် လည်း မိတ်ဆွေတို့အားလုံး ဖိုင်မျှဝေရာတွင် လွယ်ကူချောမွေ့အဆင်ပြေရန် ကျွန်တော်တို့၏ အပလီကေးရှင်း များအားလုံးကို ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ 2022 ခုနှစ်တွင် ပိုမိုကောင်းမွန်ပြီး မိတ်ဆွေတို့ကိုပိုမိုကူညီနိုင်ရန် ကျွန်တော်တို့ မျှော်လင့်ပါသည်။
You may also like
-
Zapya Transfer पर नए वीडियो डाउनलोडर के साथ आसानी से वीडियो डाउनलोड करें*
-
حمّل الفيديوهات بسهولة مع أداة التحميل الجديدة من موقع Zapya Transfer
-
دانلود ویدیوها به راحتی با دانلودر جدید ویدیو در Zapya Transfer
-
زاپیا ٹرانسفر پر نئے ویڈیو ڈاؤن لوڈر کے ساتھ ویڈیوز آسانی سے ڈاؤن لوڈ کریں
-
¡Descarga videos fácilmente con el nuevo descargador de videos de Zapya Transfer!
1000
hi
Very Useful for me. Thanks developers