Day: April 10, 2020

ရှေ့တန်းလုပ်သားများကိုကျေးဇူးတင်ပါကြောင်း

ပထမဦးစွာ ရှေ့တန်းမှလုပ်ဆောင်နေသူအားလုံးကို ကျွန်တော်တို့၏ စိတ်နှလုံးထဲမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ထိုသူများကြောင့်ကျွန်တော်တို့သည်ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေသောကာလအတွင်း အိမ်၌ကျန်းမာစွာနေထိုင်နိုင်သည်။၎င်းတို့တွင် ကျန်းမာရေးစောင့်ရှောက်သူများ၊စာတိုက်၀န်ထမ်းများ၊ ကုန်စုံစတိုးဆိုင်၀န်ထမ်းများ၊ ဆေးဆိုင်၀န်ထမ်းများ၊ သန့်ရှင်းရေးသမားများ၊ မီးဖိုချောင်၀န်ထမ်းများ၊ ITသမားများ၊ကျွန်ုပ်တို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးသော၊စောင့်ရှောက်မှုပေးသောဝန်ထမ်းများပါဝင်ပါသည်။သူတို့၏အသက်ကိုနေ့စဉ်အန္တရာယ်ပေးပြီး ပြည်သူများကိုစောင့်ရှောက်နေရသဖြင့် ကျွန်တော်တို့မှကျေးဇူးတင်ဆပ်မည်ဆိုလျှင်လည်းလုံလောက်မည်မဟုတ်ပါ။