COVID-19

ရှေ့တန်းလုပ်သားများကိုကျေးဇူးတင်ပါကြောင်း

ပထမဦးစွာ ရှေ့တန်းမှလုပ်ဆောင်နေသူအားလုံးကို ကျွန်တော်တို့၏ စိတ်နှလုံးထဲမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ထိုသူများကြောင့်ကျွန်တော်တို့သည်ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေသောကာလအတွင်း အိမ်၌ကျန်းမာစွာနေထိုင်နိုင်သည်။၎င်းတို့တွင် ကျန်းမာရေးစောင့်ရှောက်သူများ၊စာတိုက်၀န်ထမ်းများ၊ ကုန်စုံစတိုးဆိုင်၀န်ထမ်းများ၊ ဆေးဆိုင်၀န်ထမ်းများ၊ သန့်ရှင်းရေးသမားများ၊ မီးဖိုချောင်၀န်ထမ်းများ၊ ITသမားများ၊ကျွန်ုပ်တို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးသော၊စောင့်ရှောက်မှုပေးသောဝန်ထမ်းများပါဝင်ပါသည်။သူတို့၏အသက်ကိုနေ့စဉ်အန္တရာယ်ပေးပြီး ပြည်သူများကိုစောင့်ရှောက်နေရသဖြင့် ကျွန်တော်တို့မှကျေးဇူးတင်ဆပ်မည်ဆိုလျှင်လည်းလုံလောက်မည်မဟုတ်ပါ။

သင်၏ဖုန်းကိုသန့်ရှင်းရေးလုပ်ရန်အချိန်ရောက်ပြီ

COVID-19 ကမ္ဘာအနှံ့ပျံ့နှံ့နေပြီဖြစ်၍ သင်၏ဖုန်းကို ပိုးကင်းရန် အချိန်ယူသန့်ရှင်းပေးရန်လိုပါသည်။ ကျန်းမာရေးကျွမ်းကျင်သူများကဗိုင်းရပ်စ်နှင့် ပတ်သက်၍ မသိသောအရာများစွာရှိနေသေးကြောင်း အသိပေးလိုသောကြောင့် လူတိုင်း တတ်နိုင်သလောက်ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်အရေးကြီးသည်။ လက်ကိုဆေးကြောရုံဖြင့်သင့်အားရောဂါကူးစက်ခြင်းမှကာကွယ်လိမ့်မည်မဟုတ်ပါ။ အကယ်၍ နေ့စဉ်ထိတွေ့နေတဲ့